Part-15 (Good boy)

3K 188 8
                                    

သုံးထပ်မြောက်သည့်အထပ်သို့ ရောက်သောအခါ တင်ကနဲ ပွင့်လာသည့် ဓာတ်လှေကား၏ အသံနှင့်အတူ Apo သူ၏ အာရုံများအား စုစည်းကာ  ခြေလှမ်းတစ်လှမ်းအား ဓာတ်လှေကားအပြင်ဘက်သို့ လှမ်းလေသည်၊၊ ထို့နောက်မှာတော့ သူအနည်းငယ် ရင်းနှီးနေခဲ့သည့် ဟောခန်းပမာ လူလျှောက်လမ်းကြီးက သူ့အား စီးကြိုနေလေတော့သည်၊၊

သူဟိုငနဲလေးဆီက ဆေးခတ်ခံရသည့် အခေါက်တုန်းက Mile Phakphum သူ့အား ကူညီပေးရန် ခေါ်လာသည့် အထပ်မှာလဲ ဤ အထပ်ပင် ဖြစ်မှန်း သူမှတ်မိပေသည်၊၊ အနီရောင်သန်းနေသော ခပ်မှိန်မှိန် မီးရောင်များသာ ဖြာကျနေသော လျှောက်လမ်းတစ်လျှောက်ရှိ မီးရောင်များဟာ လူတစ်ယောက်၏ အိပ်စက်နေသော လိင်စိတ်အား တစ်နည်းတစ်ဖုန်နှင့် နိုးကြွစေနိုင်တာမို့ Apo ပတ်ဝန်းကျင်အား သိပ်ဂရုမထားချင်၊၊  သူ၏ ခြေလှမ်းများကို ခပ်သွက်သွက်သာ လှမ်းလိုက်ကာ card မှာ တွေ့သည့် အခန်းနံပါတ်အား လိုက်ရှာလိုက်လေသည်၊၊

ဤသုံးထပ်မြောက်မှာ ဤ Club ၏ VVIP များသာ သုံးခွင့်ရှိသော အထပ်ဖြစ်ပြီး၊ အခန်းတိုင်းဟာ customer စိတ်ကျ ပြင်ဆင်ပေးထားသည့် ကိုင်ပိုင် အခန်းများပင် ဖြစ်လေသည်၊၊ ပိုင်ရှင်ဖြစ်သူမှ လွဲလျှင် အခြား မည်သူမှ လာ ကစားခွင့်မရှိသော အခန်းများ ဖြစ်လေသည်၊၊

Apo အနေနဲ့ သူ ပထမဆုံး play ရမည့် နေရာဟာ သာမန်ထပ်ပင် ပို၍ အဆင့်မြင့်နေသည့် အခါ သူ့စိတ်ထဲ၌ ထိုလူအား အမှတ်ပိစိလေးပေးမိလေသည်၊၊ သူ့အပေါ်သို့ တန်ဖိုးမြင့်သည့် အရာတစ်ခုလို ဂရုတစ်စိုက်  ဆက်ဆံပေးသည်ကို သူသဘောတွေ့ပေသည်၊၊

ထို့နောက်မှာတော့ အနက်ရောင် တံခါးချပ်ကြီးရှိနေသည့် အခန်းတစ်ခုရှေ့သို့ သူရောက်ရှိလာလေတော့သည်၊၊ အခန်းတံခါးဟာ အနက်ရောင် ပြောင်လက်နေသည့် ခေတ်မှီ တံခါးချပ်သာ ဖြစ်ပြီး ရွေရောင်အစင်းရှိသည့် တံခါးလက်ကိုင်၌  15.15 ဟူသည့် ဂဏာန်းလေးများအား ထွင်းထုထားသည်ကို သူတွေ့လိုက်ရလေသည်၊၊

ထို့ကြောင့် Apo လဲ စိတ်လှုပ်ရှားမှုကြောင့် မတည်မငြိမ်ဖြစ်နေသည့် သူ၏ ရင်ဘက်အား ငြိမ်စေရန် ခေတ္တရပ်နေကာ သူ့ကိုယ်သူ သတိပေးလိုက်ပြီး Miss လာပေးသည့် card နှင့်ပင် အခန်းထဲသို့ ဝင်လာခဲ့လိုက်တော့သည်၊၊ 

Don't be Stubborn ! Baby Where stories live. Discover now