1

28.8K 1K 184
                                    

လောကကြီးက သိပ်ပြီးတော့ ဆန်းကြယ်လိုက်တာ ကိုယ်ရင်ခုန်နေတဲ့လူကျ
ညီအစ်ကိုတဲ့ ငယ်ငယ်လေးထဲက တူတူနေလာတာ
အခုချိန်ထိ ညီအစ်ကိုပါဆိုတဲ့ ခံစားချက်လေး တစ်ခါမှတောင် ခံစားမမိဘူး ဒီလိုပြောလို့ သူက
ငါညီမဟုတ်ဘူးလားဆိုတော့ အဲ့လို့လဲမဟုတ်ဘူး
ညီကိုတော့မှန်တယ် ညီအစ်ကိုမခံစားရတာ တစ်ခုပဲ

အတွေးထဲမှာ နယ်ချဲ့ပြီးတွေးနေတာ သူရှေ့မှာ
ဘယ်သူရောက်နေလဲဆိုတာ သူသတိမထားမိမို့

"ကိုကို ကိုကို!"

"ဟာ လန့်တာ Jungkookရာ ဘာတုန်း!"

"ကျွန်တော်ခေါ်နေတာကြာပြီ ဘယ်ကောင်မလေး
အကြောင်းတွေးနေတာလဲ"

"ငါလဲ တွေးစရာလူရှိပါတယ်"

"ဘယ်သူတုန်း!"

"ဘာလို့အော်နေတာတုန်း ကျောင်းပိတ်ရက်ဆို
ငါနားလာပြီ ဘာလုပ်မှန်းမသိဘူး မကြေဘူးနော်
ငါရဲ့Dateကို မင်းဖျက်ထားတာ"

"မကြေလဲမတတ်နိုင်ဘူး ကျွန်တော်ပြောပြီသာလေ ကိုကိုဘယ်သူနဲ့မှ
မdateရဘူး မကြိုက်ရဘူး မချစ်ရဘူးလို့
ကျွန်တော်ကတော့ လိုက်ဖြတ်နေမှာပဲ"

"ကောင်းလိုက်တာ မင်းကျတော့ နေ့တစ်ယောက်
ညတစ်ယောက်နဲ့ ငါကျလိုက်ဖြတ်တယ်"

"မတူဘူး မတူဘူး မတူဘူးလို့ပဲ သိထားပါ"

Taehyuungပြောချင်စိတ်ကုန်တာ အနာသာလယ်ဗယ်တစ်ခု ရောက်သွားပြီ

အခုလဲကြည့် ပိုင်စိုးပိုင်နင်းနဲ့ ပေါင်ပေါ်ခေါင်းအုံပြန်ပြီ အားးး ဘယ်လိုခံစားချက်ကြီးမှန်းကို မသိဘူး

"ကိုကိုပေါင်ပေါ်အိပ်ရတာ သက်တောင့်သက်သာ
ရှိတယ်သိလား"

"ဟုတ်ပါပြီ ဒီနေ့အပြင်မသွားဘူးလား"

Taehyungလဲ Jungkookဆံပင်လေးကို
ဖွပေးရင် မေးလိုက်တော့ ဇိမ်ခံနေလိုက်တာများ
မျက်လုံးလေးမှိတ်ထားပြီး ခေါင်းခါပြလာတယ်

"မင်းအခုတွဲနေတဲ့ ကောင်မလေးနဲ့ အဆင်ပြေလား"

သူမေးလိုက်တော့ မျက်လုံးဖွင့်ပြီး အပေါ်ကိုစိုက်ကြည့်လာတဲ့ Jungkook

Step-Brother⚠️ [Completed]Where stories live. Discover now