6

7.5K 685 113
                                    

ထယ်ယောင်းအလုပ်ကြောင့် အင်ချွန်းဘက်ကို
ခရီးသွားစရာရှိသည် Jungkookသိလို့ မဖြစ်တာမို့ ခိုးသွားဖို့ သူအဖေနဲ့တိုင်ပင်ပြီး
သွားရမည် စိတ်ဆိုးလဲပြန်လာမှ ချော့ရမှာပဲလေ
သူပါနေရင်အလုပ်တွက်နှောင့်နှေးနေမှာ ဟိုက
သေချာပေါက်တော့ စိတ်ကဆိုးမှာပဲ

"Taehyungလေး ဒီမှာလေဆိပ်လက်မှတ်
ညနေ3:00ထွက်မှာ အခု1:00ဆိုတော့ ပြင်ဆင်ချိန်ရသေးတယ် အမြန်ဆုံးပြင်ပြီး လေဆိပ်မှာပဲ ထိုင်စောင့်နေတော့"

"ဟုတ်ကဲ့ အဲ့ဆိုကျတော်ပြင်ဆင်လိုက်အုန်းမယ်"

"အေ့အေး"

သူတို့သားဖ ဧည့်ခန်းမှာစကားပြောနေတုန်း
ရောက်လာတဲ့မေမေ

"သားကခရီးသွားမလို့လား"

"ဟုတ်တယ်မေမေ kookieကို မပြောပါနဲ့နော်
အရေးကြီးဧည့်သည်တွေနဲ့ တွေ့ရမှာမို့ သူပါရင်
ပြဿနာဖြစ်မှာကြောက်လို့ 2ရက်ထဲပဲကြာမှာပါ"

"အေ့အေး ဂရုစိုက်အုန်း ကျန်မားရေးလဲ ဂရုစိုက်
အစားသောက်ရော အစစအရာရာ ဂရုစိုက်ပေါ့"

"ဟုတ်ကဲ့မေမေ အဲ့ဆိုအပေါ်တက်ပြီး အထုတ်ပြင်အုန်းမယ်"

"အေ့အေး"

ထယ်ယောင်းအပေါ်တက်သွားတာနဲ့ ကျန်ခဲ့တဲ့
သူယောင်္ကျားနဲ့ စကားခဏပြောပြီး သူအပြင်ခဏသွားမယ်ဆိုလို့ ထွက်သွားတာနဲ့
သူလဲ မပြောပါနဲ့လို့ အတန်တန်မှားထားတဲ့
သူ့သားkookieဆီ ဖုန်းလှမ်းဆက်လိုက်တယ်

"Hello Mommy ဘာအရေးကြီးလို့လဲ"

"မင်းဘယ်ရောက်နေတာ"

"သူငယ်ချင်းတွေနဲ့ဆိုင်ထိုင်နေတာ"

"ထိုင်ကိုယ်တော်လုပ်မနေနဲ့ အိမ်ပြန်လာခဲ့
ငါအထုတ်ပြင်ထားပေးမယ်"

"ဗျာ...ကျတော်ကိုအိမ်ပေါ်က နှင်ချမလို့လား
ဒါမှမဟုတ်Daddyက သိသွားပြီး ကျတော်တို့
သားမိ2ယောက်ကို မောင်းချတာလား"

ထင်ရာတွေပြောနေသော ဖုန်းထဲက သားတော်မောင်အား ဘေးမှာသာရှိရင် ပါးစပ်ထဲ
ဖုန်းကိုစို့ထားတယ်

"ငါပြောတာအရင်နားထောင်အုန်း!"

"ဟုတ်ဟုတ် ပြောပြော"

Step-Brother⚠️ [Completed]Where stories live. Discover now