14.⚠️

8.6K 420 93
                                    

"ကိုကိုရေ...ကိုကို"

"အိပ်ယာထဲကနေမထသေးပဲအော်မနေနဲ့ မီးဖိုချောင်းထဲမှာ လာခဲ့!"

သူအော်ပြောလိုက်တော့ အပေါ်အင်္ကျီချွတ်နဲ့ အောက်ပိုင်းက သပတ်တစ်ထည်ပဲပတ်ကာ မီးဖိုချောင်ထဲ
အိပ်ချင်မူးတူးနဲ့ဝင်လာလို့ ဟင်းချက်တာကို ရပ်ပြီး
သူ့ကိုလက်ဆန့်ခေါ်လိုက်တော့ ရင်ခွင်ထဲဝင်ပြီး ခါးဖက်ထားကာ ရင်ဘတ်မှာ မျက်နှာအပ်ထားပြီး မှိန်းနေလို့ ဆံပင်လေးတွေသပ်ပေးလိုက်တယ်

"အိပ်နိုင်သားပဲ 9:00တောင်ထိုးပြီး"

"အင်းးး ကိုကိုဘာတွေချက်နေတာ မွှေးနေတာပဲ"

"မင်းပဲအမဲသားစပ်စပ်လေးဆို ဟင်းမြည်းပေးအုန်း
ငါအစပ်မစားတော့ လိုနေတာတွေရှိမှာဆိုးလို့"

"အင်း ခွံကျွေးလေ မြည်းပေးမယ်"

"အပျင်းထူလေး ပြွတ်"

နဖူးကိုတစ်ချက်နမ်းပြီး ဟင်းတစ်ဇွန်းခပ်ပေးကာ ခွံကျွေးတော့

"အနေတော်ပါပဲကိုကိုရာ ကိုကိုလက်ရာက အမြဲကောင်းပြီးသာ"

"အပိုတွေပြောတတ်သားပဲ သွား ရေသွားချိုးတော့"

"ဟုတ်"

ရေချိုးဖို့ မီးဖိုချောင်းထဲကအထွက် အပြင်ဘက်က လှမ်းခေါ်လို့

"ရတယ် ကိုကိုသွားဖွင့်လိုက်မယ်"

အပြင်ရောက်တော့ အန်းဆန်းမင်း

"ဟီးအစ်ကို Jungkookရှိလား ကျွန်တော်တို့ဘောလုံးကန်ဖို့ ချိန်းထားလို့ Jungkookကို ထည့်ပေးပါလား"

သူကိုမျက်လုံးလေးကလည်ကလည်နဲ့ အသနားခံနေတဲ့
ဒီရောက်မှJungkookနဲ့ခင်သွားတဲ့ အန်းဆန်းမင်း

"Jungkookမင်းကိုလာခေါ်နေတယ် မနက်စားစာပြီးမှ
လိုက်သွား အခန်းထဲက ဘီရိုအောက်ဆုံးမှာ မင်းဘောလုံးကန်ရင် ဝတ်ဖို့ဝတ်စုံ သီးသန့်ထားပေးထားတယ် မျက်နှာအရင်သွားသစ်"

"အဲ့ကြောင့်ကိုကို့ကိုချစ်တာဗျာ မွမွမွ"

ပါးကိုဟိုဘက်ရောဒီဘက်ရောနမ်းသွားပြီး အခန်းထဲပြေးဝင်သွားတော့တယ်

"မင်းလဲအထဲဝင်အုန်း သူထမင်းစားအုန်းမှာဆိုတော့"

"ကျွန်တော်လဲကျွေးအုန်း"

Step-Brother⚠️ [Completed]Where stories live. Discover now