5

9K 622 70
                                    

ထယ်ယောင်းလုံးဝမနေတတ်တော့ပေ အကြောင်းကတော့ မနေ့က Partyသွားတာ
ရည်းစားဟောင်းရဲ့ စေ့စပ်ပွဲလေ အဲ့တော့
ရည်းစားဟောင်းက သူနဲ့နောက်ဆုံးအနေနဲ့
ဆုံးတွဲ တွဲကချင်တယ်ဆိုလို့ တောင်းဆိုလို့ လက်ခံလိုက်တာ အဲ့တာကိုအမောင်ကွက်ကီးက
မျက်စောင်းတထိုးထိုးနဲ့ အဲ့ကပြန်လာထဲက
စကားတစ်လုံးမပြောတဲ့အပြင် သူအခန်းထဲကို
မုန်းတိုင်ဝင်လာသလိုဝင်ချသွားတာ ဘာမှတောင်
မပြောလိုက်ရပေ

အခုမနက်ချော့မယ်ဆိုတော့လဲ သူကိုရှောင်ထွက်သွားတယ် မနက်တည်းက ဆိုင်ကယ်တစီးနဲ့ ထွက်သွားတာ ထမင်းစားချိန်တောင်ရောက်ပြီ အခုထိပြန်မလာသေးဘူး ဖုန်းခေါ်တော့လဲ ဝင်ရဲ့သာနဲ့မကိုင် ဒီနေ့ကသူချော့ချင်လို့ အလုပ်တောင်မသွားဘူး ဆိုးပါပေတယ် kookieရယ်...

သူတွေးနေတုန်းရှိသေး ပြန်လာတဲ့Jungkook
အခုထယ်ယောင်းဒေါသထွက်သွားရပြန်သည်
သူဆိုင်ကယ်နောက်မှာ ကောင်မလေးတစ်ယောက်
တော်ပြီမချော့တော့ဘူး ချော့ချင်စိတ်ကုန်သွားပြီ
သူလဲအပေါ်ထပ်က သူအခန်းထဲဝင်နေလိုက်တော့
တယ် သူစိတ်ကြီးပဲ အဲ့တစ်ယောက်ကတော့

စိတ်ရှုပ်နေတော့ ရေချိုးဖို့ပြင်နေတုန်း အခန်းထဲ
ဝင်လာတဲ့Jungkook မသိချင်ယောင်ဆောင်ပြီး
လုပ်စရာရှိတာသာလုပ်နေလိုက်တယ် စကားကို
မပြောချင်တာ ရေချိုးခန်းထဲဝင်ဖို့ ပြင်နေချိန်
သူခါးကိုဆွဲဖက်ထားတဲ့Jungkook

"ဘယ်လိုခံစားရလဲ"

"ဘာကို ဘယ်လိုခံစားရမှာ"

"မနေ့က ကျတော်တောင်ဘာမှမပြောပဲ အဆက်ဟောင်းနဲ့တွဲကတာ အခုကိုကိုမပြောပဲ
နောက်တစ်ယောက်ထားပြီး အိမ်ခေါ်လာတာကိုလေ"

"ဘယ်လိုမှ မခံစားရဘူး ဟုတ်ပြီးလား ဖယ်တော့"

"မခံစားရတာ ဒီမျက်နှာကြီးထင်တယ်နော်
မျက်နှာပြောင်လိုက်တာ ကိုကိုက"

"ပြောင်ပြောင်ပဲ ဖယ်တော့ ရေချိုးမလို့"

"ကိုကိုတကယ်ပဲဘာမှမခံစားရတာလား ဟမ့်!
ဟုတ်လားလို့!"

ထယ်ယောင်းအံတကြိတ်ကြိတ်နဲ့ ပြောချင်စိတ်ကို
ထိန်းနေလိုက်တယ်

Step-Brother⚠️ [Completed]Where stories live. Discover now