2.⚠️

19.3K 867 255
                                    

"Jungkook ငါ့ကိုလွှတ်ပါ အောက်ချပြီး
အိမ်ပြန်ပို့ပေးပါ"

သူပြောတော့အောက်ချပေးလာတယ် သူကို
မျက်နှာငယ်နဲ့စိုက်ကြည့်လိုက်တော့ သူလက်ကို
ဆွဲပြီး အခန်းတစ်ခုထဲဝင်သွားတာ သေချာကြည့်မှ
အဲ့တာမေမေက Jungkookကျောင်းတက်ရင်
နီးအောင်လို့ဆိုပြီး ကွန်ဒိုတစ်ခန်းဝယ်ပေးထားတာ
အခုသူကိုအဲ့ကိုခေါ်လာတာပဲ

"Jungkookငါ့ကို ဘာလို့ဒီကိုခေါ်လာတာလဲ"

သူပြောတာကိုအဖြေပြန်မပေးပဲ အခန်းတစ်ခန်းထဲကို ပစ်ထည့်ပြီး တံခါးပိတ်သွားတယ်

"Jungkookတံခါးပြန်ဖွင့်ပေးပါ ငါတကယ်
ကတိ့တည်ပါမယ်လို့ ဖေဖေစီစဉ်ပေးလဲ ငါငြင်းပါမယ် တောင်းပန်ပါတယ် ဖွင့်ပေးပါ
Jungkook!! ငါပြောတာကြားလားလို့ ဟင့်..."

Jungkookကြားပါသည် တမင်မကြားချင်ယောင်ဆောင်ပြီး တံခါးလော့ချထားလိုက်တယ် သူကိုကို့ကို
မယုံပါ ကတိ့ကိုအလွယ်ပေးပြီး အလွယ်ဖျက်နေတာ သူပဲရည်းစားများပြီး
လူတကာနဲ့ဒိတ်ချင်ဒိတ်မယ် ကိုကိုက သူကလွဲရင်
ကျန်တဲ့သူကို ဦနှောက်ထဲကို မထည့်စေချင်တာ

ထယ်ယောင်း ငိုသာချမိတော့တယ် Jungkook
သူကိုအခုလိုတွေဘာလို့လုပ်လဲ သူမသိဘူး
သူကျလူတကာနဲ့ပလူးနေပြီ ကိုယ်နဲ့မသိတဲ့ လူနဲ့တစ်ခါလေးဒိတ်တာကို ဖျက်လို့ကိုမပြီးတော့
ဘူး အခုအခန်းပါ ပိတ်ထားသေး

သူအတွေးနဲ့ငိုနေတုန်း ဘောင်ဘီအိတ်ကပ်ထဲက
ဖုန်းကိုသတိထားမိသွားပြီး Jungkookက
မေမေဆို ပိုလေးစားတယ် အဲ့ကြောင့် မေမေဆီ
အကူညီတောင်းဖို့ ဖုန်းခေါ်လိုက်တယ်

"Hello မေမေ"

"သား ဘာဖြစ်လို့လဲ အသံကတုန်နေတာ ငိုနေတာလား"

"မေမေ မေမေသားJungkookလေ သားဒိတ်ကို
ဖြတ်ပြီး အခန်းတံခါးပိတ်ထားတယ် အဲ့တာကူညီပါအုန်း"

"Hello ... Hello သား ဘာပြောနေတာလဲ မကြားရဘူး လိုင်းမကောင်းဘူးထင်တယ် Hello"

"Helloမေမေ Hello သားပြောတာကြားလား"

သူမဖုန်းကိုချလိုက်သည် သူကြားတာပေါ့ Jungkookဘယ်လိုတွေ လုပ်နေမှန်းမသိဘူး
ဒီကအမေက အကုန်လိုက်ပြောနေရမှာလား ဟူးးး
သူလဲသူသားJungkookဆီ ဖုန်းခေါ်လိုက်တယ်

Step-Brother⚠️ [Completed]Where stories live. Discover now