12.⚠️

7.9K 387 102
                                    

"Jungkookရေ....!"

Jungkookအပြင်မှာ သူငယ်ချင်းတွေနဲ့ ဖုန်းပြောနေတုန်း အထဲက ကိုကိုအော်သံကြောင့်
အပေါ်ကိုပြေးတက်လာလိုက်တယ် သူလာတော့
သူပေါ်ပြေးတက်ခွလာလို့ မနည်းထိန်းထားပြီး
သေချာပွေ့ထားရတယ်

"ဘာဖြစ်တာတုန်း!"

"ပြတင်းပေါက်မှာ မြွေ မြွေ ခြောက်ပေးစမ်းပါ"

သူအပေါ်ကနေခွထားလျက်ကနေ ပြတင်းပေါက်ကို လက်ညိုးထိုးကာပြောနေလို့
သေချာကြည့်လိုက်တာ မြွေလေးက သေးသေးလေးကို ကြောက်နေလိုက်တာ
သူလဲခြောက်ထုတ်ပြီး ကိုကို့ကိုချော့နေရတယ်

"သွားပါပြီ ကိုကိုရာ မရှိတော့ဘူး"

"သွားပြီးလား"

"အင်း"

"သေချာလား တစ်နေရာရာဝင်သွားမယ်နော်"

"သေချာပါတယ်ဗျာ"

အဲ့ကြမှသူပေါ်ကနေဆင်းပြီး ပြတင်းပေါက်ကို
ကြည့်သေးတာ မရှိတာသေချာမှ သူ့ကို မျက်စောင်းထိုးပြီး အိမ်ရှေ့က ခုံပေါ်သွားထိုင်တယ်

"အဲ့တာမင်းကြောင့် သိလား ခိုးပြေးလာတဲ့
နေရာရှားလို့ ကျွန်းပေါ်ခိုးပြေးလာရတယ်လို့
နိုင်ငံတွေပေါ်နေတာကို"

"မဟုတ်ဘူးလေဗျာ..."

"ဘာမဟုတ်တာလဲ ကျွန်းပေါ်ခိုးပြေးလာမှတော့
အကောင်ပလောင်ပေါမှာပဲ ငါကိုမြွေပေါက်
သေလို့ကတော့ မင်းမုဆိုးဖိုဖြစ်မှာပဲ"

ဘုရားစကွဲ ဘုရားစကွဲ အခုမှခိုးပြေးလာတာကို
ဘယ်နှယ့်မုဆိုးဖိုတုန်း ပစ်ပစ်နှစ်နှစ်ကြီးဗျာ

"ဖွီး ဖတ်!ဖတ်! ဖြစ်စရာလား ပါးစပ်ပုတ်ကြီးနဲ့"

"ဖြစ်နိုင်တယ်ဆိုတာ ပြောပြတာ"

သူ့ကိုမျက်စောင်းထိုးပြီး ဟိုဘက်လှည့်သွားကာ
ခြေထောက်ကိုတမင်ခွေချိတ်ပြီးထိုင်နေလို့ အနောက်ကနေ ဖက်ပြီးကပ်ထိုင်လိုက်တယ်

"ပွစိပွစိနဲ့ဗျာ...တကယ့်မိန်းမကြီးကျနေတာပဲ"

"အမယ်လေး ယူထားတာ အလုံးမှန်း
အပြားမှန်းရော သိရဲ့လား"

"သိတယ်လေ အလုံးလေး ကိုကိုတကယ်ပဲ
စွာတာကို"

"စွာစွာပဲ Jeon Jungkookရေ Jeon Taehyungတို့က ခပ်စွာစွာပဲ မကျေနပ်လဲ မတတ်နိုင်ဘူး"

Step-Brother⚠️ [Completed]Where stories live. Discover now