"အဲ့တော့ဘာဖြစ်ချင်လဲဗျာ...!"
"မင်းနဲ့ငါကွဲမယ်!"
"ဘာ! မကွဲပေးနိုင်ဘူးဆိုရင်ရော ဘာလုပ်ချင်လဲ"
"အဲ့ဆိုအိမ်ပေါ်ကဆင်းလေ"
"ဒါနှစ်ဖက်မိဘပေးထားတဲ့အိမ် တစ်ယောက်တစ်ဝက် ပိုင်တာမို့ မဆင်းပေးဘူး"
"မင်းမဆင်းရင်နေလေ ငါကတော့ဆင်းမယ် မင်းလိုအကျင့်မကောင်းတဲ့လူနဲ့ ဆက်လဲမပေါင်းနိုင်ဘူး
တစ်စက္ကန့်လေးတောင် အတူမနေနိုင်ဘူး""ခင်ဗျာကတော်တော်အကျင့်ကောင်းတာဆိုတော့လေ"
"မင်းထပ်စားရင် ငါကတော်သေးတယ်လေ"
"ဘာတော်တာ ခင်ဗျာအကျင့်မကောင်းတာ ကလေးဘဝထဲက"
"မင်းကျတော့ရော ငယ်ငယ်ထဲက အကျင့်ရုတ်လာတာလေ အခုကြီးလာတော့ပိုဆိုး"
တစ်ယောက်နဲ့တစ်ယောက် မီးဖိုချောင်ထဲက ထမင်းစားပွဲ ခုံရှည်ကြီးကိုအလယ်ကထားပြီး တစ်ယောက်တစ်ဖက်စီ
ရပ်ကာ တစ်ယောက်တစ်ခွန်းစကားများကာ အကြည့်ချင်
စစ်တိုက်နေတော့သည် ကြမ်းပြင်ပေါ်မှာလဲ ပန်းကန်တွေလဲ ကွဲကြေနေတာ မြင်လို့မကောင်းပေ အိမ်ရှိ အလုပ်သမားတွေလဲ ဝင်မဆွဲရဲတာနဲ့ ခြံပြင်မှာ ရပ်ကြည့်နေရတော့သည် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ထယ်ယောင်းခြံထဲမှာ သူကိုယ်တိုင်းပျိုးထားတဲ့ ပန်းတွေကို သေချာပေါင်သင်းရေလောင်းနေတုန်း အထဲက ဖုန်းလာသံကြားလို့ ဝင်ပြေးပြီး ဖုန်းကိုကြည့်လိုက်တော့ Jiminဖြစ်နေတာနဲ့ ဖုန်းကိုချက်ချင်းကိုင်လိုက်သည်
"Hello"
"Helloလုပ်မနေနဲ့ Jungkookရော"
"ဒီနေ့ရုံးမှာ ရှယ်ယာရှင်အစည်းဝေးရှိလို့ အစောကြီး ထွက်သွားတယ် ဘာဖြစ်လို့လဲ"
"မင်းကတော့လေ သူကိုဒီတိုင်းလွှတ်ထားတာလား မင်းယောင်္ကျားဘယ်လောက်ခြေများတာကို မသိတာလဲ မဟုတ်ဘူး"
"အဲ့တာအရင်ကလေ အခုကသူအဲ့လိုမလုပ်ပါဘူး"
"ဘာ! မလုပ်ပါဘူးဟုတ်လား သနားလိုက်တာမင်းကို
ဟိုကမင်းကိုအိမ်ထဲတွင်ထားပြီး သူကအပြင်မှာ စော်တွေနဲ့သာယာနေတာနော်"
YOU ARE READING
Step-Brother⚠️ [Completed]
Romanceညီအစ်ကို ဟုတ်လား အဲ့ဆို ဘာလို့ညီအစ်ကိုလို မခံစားရတာလဲ ညီအစ်ကိုဆိုရင်ခုန်ပါမလား သူကိုတွေ့ရင် ရင်က ကဆုန်ပေါက် ခုန်ပြီ အဲ့တာညီအစ်ကိုမို့ ဖြစ်နိုင်ပါမလား ဘယ်နည်းနဲ့မှ ငါတို့နှစ်ယောက်က ညီအစ်ကိုမဖြစ်နိုင်ဘူး! Waringပေးပါတယ် 18+မပြည့်လဲ ဖတ်မှာသိပင်မဲ့ သတိက...