16.⚠️

6.6K 302 91
                                    

"ကိုကို အပြင်ထွက်စားမှာဆို ဘာလို့ချက်ပြုတ်ဖို့ လုပ်နေတာလဲ"

"အပြင်မှာဒီလောက်ရှုပ်နေတာ မသွားချင်တော့ပါဘူး
အိမ်မှာပဲစားကြမယ်"

"အင်းအင်း ကိုကိုသဘောလေ ဘာလုပ်ပေးရအုန်းမလဲ"

"မလိုပါဘူး ငါတစ်ယောက်ထဲနဲ့အဆင်ပြေတယ် ဂိမ်းဆော့ချင်ရင်လဲသွားဆော့လေ"

"အဲ့ဆိုကျတော်ဂိမ်းတစ်ပွဲနှစ်ပွဲလောက် သွားကစားလိုက်အုန်းမယ် ပြွတ်"

"ဟုတ်ပါပြီ"

သူနှုတ်ခမ်းကိုထိရုံတင်ထိပြီးအိပ်ခန်းထဲဝင်သွားကာ ဂိမ်းဆော့နေတော့သည် Jungkook ဂိမ်းမဆော့ချင်ပါ
နားကြပ်တပ်ပြီးတော့သာ သီချင်းနားထောင်လိုက်တယ်
ခုနကဖြစ်ပျက်သမျှကို သူကျေနပ်ပါသည်

Jungkookလူရှင်းတာနဲ့ ထိုအိမ်နားကို ချဉ်းကပ်ပြီး
ထိုအိမ်ပတ်ပတ်လည်ကို ဘီယာတွေလောင်းလိုက်သည်
ရေနံဆီဆို မီးရှို့မှန်းသိသားမှာ ဘီယာဆိုတော့ သောက်ရင်းနဲ့မတော်တဆ မီးလောင်းတယ်ပဲပေါ့ သူတို့ပတ်ပတ်လည်ကိုဘီယာတွေလောင်းပြီးတာနဲ့ သူတို့အိမ်ထဲဝင်သွားလိုက်သည်

"မင်းဘာလာလုပ်တာလဲ"

"တရားရုံးမှာစကားပြောရမှာပျင်းစရာကြီး အရမ်းတွေချမ်းသာနေလို့ မာန်တက်နေတယ်မလား
ကုန်းကောက်စရာမရှိအောင်မွဲတေကြိပါလား တစ်ခါလောက် ဘဝအသစ်တစ်ခုကြုံတာပေါ့"

"မင်း ဘာစကားပြောတာလဲ"

"ခင်ဗျာသားကိုဒီလောက်နဲ့ပဲlessonပေးမှာ မဟုတ်ရင်
Jungkookတို့ကလူမသတ်ရဲဘူးမထင်နဲ့ ကိုကိုတွက်ဆို
ကြိုးစင်လဲတက်ရဲတယ် သားမိနှစ်ယောက်လုံးကို မြေမြုပ်သတ်ပစ်ချင်တာ ကိုကိုစိတ်ဆင်းရဲမှာဆိုးလို့"

"မင်းလိုမလောက်လေးမလောက်စားက ငါ့တို့သားမိကိုများ ဒီကမ်းခြေမှာဆက်နေချင်သေးရင်
ငါ့သားကိုထပ်မထိနဲ့"

"ဟက်!! ပြောင်းပြန်တွေ ခင်ဗျာတို့ဒီကမ်းခြေမှာနေပြီး
တောင်းစားချင်သေးရင် Jeon Taehyungကို ပါးစပ်နဲ့တောင် ထပ်စော်ကားဖို့မကျန်နဲ့ အင်မျိုးရိုးပြုတ်သွားမယ် သတ္တိရှိရင်ထပ်စမ်းကြည့်လိုက်!!"

Step-Brother⚠️ [Completed]Where stories live. Discover now