Final.⚠️

4.3K 154 11
                                    

"Jungkook! ဒါတွေအကုန် မင်းစီစဉ်တာပေါ့ ဟုတ်လား"

"ဟုတ်တယ် ကိုကိုနဲ့မခွဲနိုင်လို့"

"ငါကသဘောမတူဘူးဆိုရင်ရော"

"အဲ့တာDaddyအပိုင်း Daddyနဲ့အတူနေမှာမှ
မဟုတ်တာ ကိုကိုနဲ့အတူနေမှာလေ ကိုကို
သဘောတူရင် ရပြီ"

"လိမ္မာလိုက်တဲ့သားလေးပါလား သွားသွား
ကိုယ့်အိမ်ကိုယ်ပြန်ကြ မင်းတို့မျက်နှာမြင်ရတာကို
ငါအာကုသိုလ်များနေပြီ"

"သားတို့မျက်နှာဘယ်မြင်ချင်ပါ့မလဲ Mommyမျက်နှာကြီးရှိနေတာကို"

"ကဲJungkookရေ အဖေနဲ့စကားဆက်​များနေတော့မှာလား ဒါဆိုလဲ နေခဲ့တော့နော်!"

"မနေခဲ့ဘူး လာပြီ..."

Daddyထပ် ကိုကို့ကိုပိုကြောက်ရတယ် ကိုကိုက
ပြောရင်ပြောတဲ့အတိုင်းလုပ်မှာရတယ် Daddyနဲ့
အဲ့တာတွေတူတယ်ကိုကိုက သားဖနှစ်ယောက်
ဝိုင်းနှိပ်စက်နေကြတာ

Jungkookကားပေါ်ရောက်တာနဲ့ ထယ်ယောင်းလဲ
အဖေတို့အိမ်ကနေ ကားမောင်းထွက်လာလိုက်တယ်

"ကိုကိုညစာဘာစားချင်လဲ ကျတော်ချက်ကျွေးမယ်
ကိုကိုစားချင်တာပြော"

"အဆင်ပြေတာချက်လေ မင်းလက်ရာကို ယုံကြည်လို့တော့ရတယ်မလား"

"ယုံလိုက်စမ်းပါကိုကိုရာ နောက်ဆို Jungkook
မင်းပဲချက်ကျွေးဆိုတာမျိုး ဖြစ်လာစေရမယ်"

"အပြောတော့ဟုတ်နေတာပဲ ဟိုရှေ့ကMarketမှာ
ဝယ်ရအောင်"

"အင်းအင်း"

ထယ်ယောင်းလဲ ကားပါကင်ထိုးပြီး Jungkookလက်မောင်းကို ချိတ်ပြီး အတွင်းထဲသို့
အတူတူဝင်လာလိုက်တယ်

အထဲရောက်တော့ အာကုသိုလ်ထပ်တွေ့ရပြန်ပြီ
ဒီကျမှ Jungkookရဲ့EXနဲ့ တိုက်တိုက်ဆိုင်ဆိုင်
လာတွေ့ရတယ်လို့

"Jeon"

အမယ်လေး သူများလင်ကိုများ Jeonတဲ့ ပါးတွေကြိ
ဆွဲချလိုက်ရ မိန်းကလေးမို့နော်

"Yuriပါလား"

"ဟုတ်တယ် Jeon ဈေးလာတာလား"

Jeonဈေးလာတာလားတဲ့ ဈေးလာတာမြင်ရဲ့သာနဲ့
ဈေးလာတာလားတဲ့ Jungkookလက်ကို သိုင်းချိတ်ထားတဲ့ ငါ့ကိုမနှုတ်ဆက်ဘူး

Step-Brother⚠️ [Completed]Where stories live. Discover now