24

2.6K 148 31
                                    

အခုကိုကိုနဲ့သူ့ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့ကြည့်နေတဲ့ Daddy သူကိုဆူမှာပြောမှာထပ် ကိုကို့ကို အလုပ်ရှုပ်အောင်ခေါ်တယ်ဆိုပြီး ဆူမှာကြောက်လို့ Daddyဘာမှမစခင် သူအရင်စကားစလိုက်သည်

"Daddy"

"ဒါဘယ်လိုဖြစ်တာလဲ ဟမ်! အလုပ်တွေပိနေတဲ့ကြားက ဒီတိုင်ကြားမှုကြောင့် ငါမှာအလုပ်တွေ
ပစ်ပြီး ဒီကိုလာခဲ့ရတာ!"

"Daddy ကျတော်မှားတာပါ ကိုကို့ကို Supriseတိုက်ချင်တာနဲ့ Mommyနဲ့ပေါင်းကြံမိတာပါ"

"မင်းကရော လူကြီးဖြစ်ပြီ ကလေးကုလားတွေ လုပ်နေတာလား ဟမ်!"

Daddyတကယ်ကြီးဒေါသထွက်နေတာထင်သည် Mommyတောင် ဆိုင်ထဲလူအများကြီးရှေ့ ပိတ်အော်နေတော့သည်

"Daddy! ကျတော်မှားတယ်လို့ပြောနေပြီးပဲ ဘာလို့
Mommyကိုအော်နေတာလဲ!"

"မင်းက မင်းအမေထိတော့ ငါ့တောင်ပြန်ခံပတ်ပြီးပေါ့ ဟုတ်လား Jeon Jungkook!"

"ဒီမှာDaddy ကျတော်ကိုထိုးချင်လာထိုးလိုက် ဆူချင်ဆူလိုက် ဆဲချင်ဆဲလိုက်ဗျာ မဆိုင်တဲ့လူ
ဆွဲမထည့်နဲ့ ကျတော်မှားတယ်လို့ ဝန်ခံနေပြီးပဲ Mommyက ကျတော်အတင်းကြပ်တောင်းဆိုလို့ ကူညီပေးတာပါ"

"မင်းယူထားတဲ့မင်းယောင်္ကျားKim Taehyungက
မင်းနဲ့ပတ်သတ်ရင် စိတ်ကိုမာချင်ယောင်ဆောင်ပြီး  တကယ်တမ်းသူစိတ်ပျော့တယ်ကွ မင်းဒီဟာမျိုးသာ အတည်ဆို လူလယ်ကောင် မြို့လယ်ကောင်မှာ 2လောင်းပြိုင်လူသတ်မှုဖြစ်နေပြီ မင်းအမေဖြစ်နေလို့နော် ငါ့သားKim Taehyungသာ မင်းကြောင့် တခုခုဖြစ်ခဲ့လို့တော့ မင်းတော့အသေပဲ!"

"ကျတော်လဲDaddyသားပါ အဲ့လောက်ထိပြောဖို့ မလိုဘူးထင်တယ်နော် Mommyနေရာ တခြားသူဆိုရင်ရော Daddyကဘာလုပ်မှာ သတ်ချင်လို့လား ရော့ သေနတ် ပစ်သတ်လိုက်လေ အခု ဟက်!"

"Jeon Jungkook!!!"

Daddyက သူကိုတခါမှ ဒီလောက်ထိမပြောဘူးသလို Mommyကိုဒီလောက်ထိ မဆူဘူးပါ အခုကိစ္စက အဲ့လောက်ထိဖြစ်စရာမလိုတာကို တအားအကဲပိုနေသလို့ခံစားရတာနဲ့ သူလဲစိတ်ထဲရှိရာ ပြောချလိုက်တာ

ထယ်ယောင်း သူဖေဖေကို ခေါ်မိတာ အခုမှတကယ်နောင်တရလာသည် သူထင်တာက Daddyလာရင် သူပြန်ချော့ပြီး ပျော်ရွှင်စွာ မိသားစုစားပွဲလုပ်မယ်ပေါ့ အခုက အထင်နဲ့လက်တွေ့တခြားစီပင် Jungkookနဲ့ တယောက်တခွန်း စကားများနေကြသည် မေမေလေးလဲ တခါမှအဲ့လိုမပြောခံရဘူးတော့
ငိုရုံကလွဲ သူမတတ်နိုင်ပေ ဖေဖေကိုခေါ်မိတဲ့ သူမှားတာ

Step-Brother⚠️ [Completed]Where stories live. Discover now