9

6.2K 422 44
                                    

ထယ်ယောင်းတို့ လုပ်ငန်းလဲ အောင်မြင်ပြီး
အချိန်လဲ တပတ်ကုန်ပြီးမို့ အိမ်ပြန်ဖို့ ပြင်နေရတော့သည် Jungkookအထုတ်တွေပါ
သူပြင်နေရသည် ကလေးကုလား မတွေ့ရမှာ
ကျနေတာပဲ ဘေးကနေကပ်ချွဲနေတာမို့ သူပစ္စည်းတွေပါ ကိုယ်ပဲပြင်ပေးလိုက်တော့တယ်

အပြန်တော့ ကားနဲ့ပြန်မလို့ လုပ်ထားလိုက်သည်
အနည်းငယ်ကားပေါ်မှာ ကိုယ့်ရည်းစားလေးနဲ့
အီလိုရသေးသည် လေယာဉ်နဲ့ဆို အခုထိုင် ခဏနေ လေယာဉ်ကွင်း ဆင်းနေပြီးမို့ ကားနဲ့
ပြန်ဖို့ဆုံးဖြတ်လိုက်တယ်

ကားပေါ်ရောက်တာလဲ သူခန္ဓာကိုယ်ကြီးနဲ့ ရင်ခွင်ထဲလာပြီး အသက်ရှူကြပ်နေအောင် ဖက်ထားနေတော့တယ်

"ဘာဖြစ်နေတာလဲ ပရောဂများမှီနေတာလား"

"ဖွီး ဖတ် ဖတ် ဖတ် ဘာတွေလျှောက်ပြောနေတာလဲ ကိုကိုရာ"

"သိဘူးလေ မလုပ်သဖူးတွေကို လုပ်နေတာလေ"

"ဟိုရောက်ရင် ဒီမှာလိုမလွတ်လပ်ဘူးလေ ကိုကိုကလဲ အလုပ်နဲ့ပဲရှုပ်နေတာလေ"

"အဲ့တာတော့ဟုတ်တယ် ဘာဖြစ်လဲ kookieတွေ့ချင်ရင် ချိန်းတွေ့တာပေါ့ ပိုတောင်အရသာရှိသေး"

"ကိုကိုသာ မအားရင် ဘယ်လိုလုပ်မှာ ကျတော်က အချိန်ပြည့် ကိုကိုတွက်ဆို အားတယ်"

jungkookရဲ့ စကားကြောင့် ထယ်ယောင်းပြုံးလိုက်မိသည်

"မင်းတောင်အားသေးတာပဲ ငါကရော မင်းတွက်နဲ့ ဘာလို့အချိန်မပေးနိုင်ရမှာ အရင်တုန်းကတောင်
မင်းကိုအချိန်ပေးနိုင်သေးတာကို"

"ကိုကိုက ဒါတွေကြောင့် ချစ်ဖို့ကောင်းနေတာ"

ပြောပြီး နမ်းဖို့ပြင်နေတဲ့ jungkookနှုတ်ခမ်းကို
လက်ညိုးနဲ့တားလိုက်တယ်

"ကားပေါ်ကြီးမှာ ဆင်ခြင်စမ်းပါ"

"ထားပါတော့ အိမ်ရောက်မှအခန်းထဲ လာခဲ့မယ်
အဲ့ကျမှ တွေ့ကြတာပေါ့"

ထယ်ယောင်းလဲ ခေါင်းငြိမ့်ပြပြီး kookieရဲ့
လက်ကိုမတင်ကာ kookieရဲ့ ရင်ခွင်ထဲ သူဝင်မှေးလိုက်တယ် kookieကလဲ သူဆံပင်ကို
ဖိနမ်းကာ ခေါင်းပေါ်မေးစိလေးတင်ကာ မှီထားတော့သည်

Step-Brother⚠️ [Completed]Onde as histórias ganham vida. Descobre agora