13

5.3K 355 63
                                    

Jungkookမသိရင် သူကိုယ်သူ အခုမှ မူလတန်း
ပြန်တက်နေသလိုခံစားနေရတယ် မနက်စာ စားပြီးတည်းက Onlineကသင်တဲ့ Letterတွေကို ကိုကိုကပြန်လုပ်ခိုင်းနေတာ သင်တဲ့အချိန်တုန်းက အိပ်ငိုက်နေတာတဲ့ လုပ်ခိုင်းတော့ ဘာမှမသိ အဲ့တော့ကိုကိုက ပြန်ရှင်းပြတယ် ဒါပင်မဲ့ကိုကိုမြင်ရင် စိတ်က တဏှာစိတ်ပဲရှိတော့တာ ကိုကိုရှင်းပြတာတွေ
တစ်လုံးမှ နားထဲမဝင် အခုကြက်မွှေးကိုင်ပြီး
သူကိုစောင့်ကြည့်နေတာ ချွေးတွေတောင် ပျံလာပြီ

"တွက်လေ မနက်ကတည်းက အဲ့တစ်ပုဒ်ထဲ
5ခါရှိပြီး အခုထိမရသေးဘူးလား"

"ကိုကိုကလဲ ဒီတစ်ခါနောက်ဆုံးရှင်းပြလေ နော်"

"ယောင်္ကျားယူမိတာမှားပြီး အခုက မသိရင်
ကလေးကိုစာပြနေရတဲ့အတိုင်းပဲ!"

"ကိုကိုကလဲ မငြိုငြင်ပါနဲ့ စာသာမတော်တာ
တခြားနေရာဆိုတော်ပြီးသာပါ"

"တစ်ခြားနေရာတော်တာက မင်းကိုငါကပဲ
အသိမှတ်ပြုမှာလေ တစ်ခြားသူကတော့ မင်းအားနေယားနေရင် ထန်တာလို့ပဲပြောမှာ
ပါးစပ်ပိတ်! စာလုပ်စမ်း!"

ယောင်္ကျားနဲ့တီတီတာတာနေချိန်ကိုမရှိဘူး အားနေစာအူပ်ထုတ် စာလုပ်မယ်ဆိုတာကြိပဲ မသိရင် သူ့သားကျနေတာ တုတ်ကြီးတစ်ချောင်းနဲ့
အဖေတအားလုပ်နေတာ

"ကိုကိုဗိုက်ဆာလာပြီ"

"အံ့သြပါ့ စာကဖြင့် မနေ့ကဟာလဲမရ ဒီနေ့ဟာလဲမရနဲ့ကို ဗိုက်ကဆာနေပြီ စာဖြင့်တစ်လုံးမှ ကောင်းကောင်းမလုပ်ရသေး အဲ့တစ်ပုဒ်ရမှကျွေးမှာ"

"ကျွန်တော်က ကိုကိုယောင်္ကျားပါ ကိုကိုရဲ့ စာသင်သားတပည့်မဟုတ်ဘူး အဲ့လောက်မနှိပ်စက်ပါနဲ့"

"ငါ့အမျိုးသားလေးမလို့ မရိုက်ပဲနဲ့အော်နေတာ
ငါ့ကျောင်းသားဆို ဆော်ပလော်တီးပြီးပြီ
Jeon Jungkookမင်းတအားစကားများတာပဲ
စာလုပ်စမ်းကောင်းကောင်း ငါထမင်းခူးထားမယ်"

Jungkookလဲ မရှည်တော့တဲ့စိတ်ကိုဆွဲဆန့်ကာ
စာလုပ်နေလိုက်တယ် စိတ်နှစ်လိုက်တော့ ခဏလေးနဲ့တစ်ပုဒ်ပြီးသွားလို့ မီးဖိုချောင်ထဲ ဝင်သွားလိုက်တယ် ဟင်းတွေခူးနေလို့ စားပွဲပေါ်
ကူချပေးလိုက်တယ်

Step-Brother⚠️ [Completed]Where stories live. Discover now