-1-

5.5K 392 9
                                    

Uni
/

"ယွိလုံတောင်တန်း ဝမ်ယွဲ့လုံမျိုးနွယ်စု
ချင်းလုံရွာ"

အစိမ်းရောင်တောက်နေတဲ့တောင်တန်းကြီးကိုငေးရင်း ရှောင်းကျန့်ခပ်တိုးတိုးရေရွတ်လိုက်မိတယ်။ အဖြူရောင်သိုးမွှေးဆွယ်တာရဲ့လက်ဖျားလေးမှာချွေးစတွေစိုနေပြီ။ လက်ထဲကအဝတ်အိတ်ကလေးကိုခပ်တင်းတင်းဆုတ်ကိုင်ထားရင်း အကြိုလာမယ့်လူကိုရပ်စောင့်နေရတာနာရီဝက်လောက်ကြာပြီမို့ခြေထောက်ကအတော်ညောင်းနေပြီ။ ဒါပေမယ့်အခုထိအကြိုကမလာသေးဘူး။ ရှောင်းကျန့်ကအခုမှအလုပ်ဝင်ခါစကျောင်းဆရာ။ အလုပ်ခန့်စာရတော့တာဝန်ကျတဲ့နေရာကြောင့် အိမ်ကမလွှတ်ချင်ကြဘူး။ တရုတ်နယ်စပ်ရဲ့တောင်တန်းဒေသဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲတဲ့ဒေသမို့တားကြတယ်။ ဒါပေမယ့်ခေါင်းမာတဲ့ရှောင်းကျန့်ကတော့ 'အဲ့လိုဒေသက ကလေးတွေကသိပ်သနားဖို့ကောင်းပါတယ်'ဆိုတဲ့အကြောင်းပြချက်နဲ့မရရအောင်ထွက်လာခဲ့တာပါပဲ။ ရှောင်းကျန့်ကစာသင်နေရရင်နေပျော်ပါတယ်။

လမ်းဘေးကကျောက်တုံးလေးပေါ်မှာငုတ်တုတ်ထိုင်နေတုန်း တထုပ်ထုပ်အသံနဲ့ထော်လာဂျီတစ်စီးရောက်လာတယ်။ ထော်လာဂျီမောင်းတဲ့သူကလွဲပြီးဘယ်သူမှလည်းမပါဘူး။ လာကြိုတဲ့သူဖြစ်မယ်လို့တွေးမိတာနဲ့ဘေးမှာချထားတဲ့အဝတ်အိတ်ကလေးကိုကောက်ပြီးရှောင်းကျန့်မတ်တပ်ရပ်လိုက်တယ်။

"ကဲ! တက်"

ထော်လာဂျီပေါ်က နက်ပြာရောင်လက်တိုရယ်၊နက်ပြာရောင်ဘောင်းဘီရှည်ရယ်နဲ့ကောင်လေးက ဆိုင်းမဆင့်ဘုံမဆင့်ပြောလာတယ်။ တိုင်းရင်းသားဝတ်စုံနဲ့အဲ့ဒီကောင်လေးကရှောင်းကျန့်ထက်တော့ငယ်မယ့်ပုံပဲ။ ဒါပေမယ့်မှုန်ကုတ်နေတဲ့မျက်နှာထားနဲ့မို့ ရှောင်းကျန့်နည်းနည်းစိတ်ညစ်သွားတယ်။

"ကျွန်တော့်ကိုလာကြိုတာလားဗျာ"

"မင်းကဆရာရှောင်းကျန့်ဆိုရင်တော့ ကျုပ်မင်းကိုလာကြိုတာဟုတ်တယ်
မင်းကဆရာရှောင်းကျန့်မဟုတ်ဘူးဆိုရင်တော့ မင်းကိုလာကြိုတာမဟုတ်ဘူး"

ဘာမသိညာမသိလိုက်မသွားနိုင်တာမို့ရှောင်းကျန့်မေးတော့ အဲ့ဒီတိုင်းရင်းသားကောင်လေးကစိတ်မရှည်သလိုပြောတယ်။ 'ကျုပ်'ဆိုတဲ့နာမ်စားကြောင့်ရှောင်းကျန့်အလိုမကျဖြစ်သွားပေမယ့် သူ့ကိုထားပြီးတကယ်ပြန်သွားမှာလည်းရှောင်းကျန့်ကကြောက်ရ​သေးတယ်။

Light Of The 'YuLong' [Complete]Donde viven las historias. Descúbrelo ahora