-19-

2K 199 3
                                    

Uni
/

ဘယ်ဖက်လက်ကအဆောင်ကျောက်ပုတီးလေးကြောင့်မဟုတ်ဘဲ ဝမ်ယွဲ့လုံတိုင်းရင်းသားလေးရဲ့ရင်ခွင်မှာခိုလှုံရတာကြောင့် ဖြတ်သန်းခဲ့ရသမျှရက်တွေဟာကြည်နူးချမ်း​မြေ့ခဲ့ပါတယ်။ ပင်ပန်းလာတိုင်းခိုလှုံစရာအဖြစ်ရှိနေပေးတတ်တဲ့တောင်ပေါ်သားလေးဟာ ထမင်းစားချိန်မမှန်ရင်လည်းလူကြီးလေးလိုဆူပူတတ်သေးတယ်။ တောင်ပေါ်လေတွေညင်ညင်သာသာကနေခပ်ကြမ်းကြမ်းအထိတိုက်ခတ်တတ်တာကိုလည်းကြုံရပြီးပြီ။ နှင်းတွေခပ်သည်းသည်းကနေခပ်ဖွဲဖွဲ၊ပြီးတော့လုံးဝစဲသွားတတ်တာကိုလည်း မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီးပြီ။ တစ်နှစ်ပတ်လုံးချမ်းအေးနေတတ်တဲ့ချင်းလုံမြေမှာ ရှောင်းကျန့်အတွက်နွေးထွေးစေတဲ့ကောင်လေးကိုရှာတွေ့ခဲ့ရခြင်းအတွက် ရှောင်းကျန့်ကအခြေအနေတွေအားလုံးကိုကျေးဇူးတင်ပါတယ်။

ချင်းလုံ​မြေမှာရှူရှိုက်ရတဲ့လေထုကအစ ယင်းလိုင်ချောင်းကရေတွေအဆုံးရှောင်းကျန့်အတွက်သဘောကျစရာကောင်းပါတယ်။ တခုတ်တရအနေနဲ့ မေတ္တာတွေကိုလိုလိုလားလားပေးခဲ့တဲ့တိုင်းရင်းသားကောင်လေးကိုရော၊ မေတ္တာရေးကိုလက်ခံပေးတဲ့မျိုးနွယ်စုတစ်ခုလုံးကိုရော လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ပြီးတော့ရှောင်းကျန့်ရဲ့ပါးပါးနဲ့မားမားပေါ့။ သူတို့တွေသာနှစ်လိုစွာလက်ခံမပေးခဲ့ဘူးဆိုရင် အပြည့်အဝစိတ်ပျော်နိုင်မှာမဟုတ်ပါဘူး။ ဒီအတောအတွင်းကုန်ဆုံးခဲ့ရတဲ့နေ့ရက်တွေမှာ ခဏခဏဖုန်းဆက်တတ်တဲ့ပါးပါးကြောင့် ဖုန်းလိုင်းမိတဲ့အချိန်တွေမှာဖုန်းပြောကြရင်း အရင်ကထက်ပိုပြီးရင်းနှီးလာခဲ့တယ်။ မားမားကတော့သဘောတကျပေါ့။

အချိန်ကာလအားဖြင့်တစ်နှစ်ကျော်သွားတယ်။ ဒီကာလတွေထဲမှာကလေးတွေကိုလည်းစာအများကြီးသင်ခဲ့သလို ဝမ်ယွဲ့လုံတိုင်းရင်းသားလေးနဲ့လည်းတစ်ရက်ထက်တစ်ရက်ပိုပြီးမေတ္တာချင်းဆက်နွယ်ခဲ့ပြီ။ ဒီနေ့ကသိပ်ကိုထူးခြားတဲ့နေ့။ အကြီးအကဲတို့အိမ်ဝန်းထဲမှာလူတွေရှုပ်နေတယ်။ ဝေလီဝေလင်းဆိုပေမယ့် ခပ်ဝဲဝဲစကားသံတွေဆူညံနေတယ်။ ကြည်ကြည်နူးနူးခုန်နေတဲ့ရင်ဘတ်ကိုအသာပုတ်ပြီးရှောင်းကျန့်ပြုံးမိသွားတယ်။ ရှောင်းကျန့်မအိပ်လို့မဖြစ်တာမို့အကြီးအကဲတို့အိမ်မှာမနေ့ညကအိပ်ရတယ်။ ဟုတ်တယ်။ ဒီနေ့ကဝမ်ရိပေါ်အသက်နှစ်ဆယ်တိတိပြည့်တဲ့နေ့။ ပြီးတော့ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့အကြီးအကဲအဖြစ်တာဝန်လွှဲပြောင်းယူတဲ့နေ့။

Light Of The 'YuLong' [Complete]Kde žijí příběhy. Začni objevovat