-6-

2.4K 276 13
                                    

Uni
/

လီဟုန်ကဆေးရုံကနေဇွတ်ပြန်ချင်နေတာကြောင့် နောက်နေ့ပဲချင်းလုံကိုကပြန်လာခဲ့ကြတယ်။ မားမားပေးထားတဲ့လက်စွပ်လေးအပေါ်သံယောစဥ်တွယ်နေသေးပေမယ့် နောင်တရနေတာမျိုးတော့သူမှာမရှိပါဘူး။ လီဟုန့်ကိုကျောင်းနှစ်ပတ်လောက်နားခိုင်းထားပြီးဝယ်လာတဲ့ဆေးတွေကိုလီဟုန့်အိမ်ကိုအပ်လိုက်တယ်။ ချင်းလုံကိုပြန်ရောက်တာတစ်ပတ်လောက်ရှိပြီ။ ဒီရက်တွေအတွင်းတောင်ပေါ်ကစာသင်ကျောင်းကလေးဆီကို ဝမ်ရိပေါ်မလာတော့ရှောင်းကျန့်မျှော်တတ်ပါသေးတယ်။ ဆေးရုံကပြန်လာတည်းကဝမ်ရိပေါ်နဲ့မတွေ့ရတော့တာပါပဲ။ ကလေးတွေကနေတဆင့်ကြားရတာကတော့ရှောင်းကျန့်ကိုနတ်ဆရာကအတော်လေးမကြိုက်ပါဘူးတဲ့။ ဒါပေမယ့်ရှောင်းကျန့်ကတော့ရှောင်းကျန့်ပါပဲ။ ဘယ်သူ့ကိုမှဂရုမစိုက်ပဲချင်းလုံက,ကလေးတွေအတွက်ပဲတွေးပါတယ်။

"ဆရာလေး သားတို့ပြန်တော့မယ်"

"ဆရာလေး တာ့တာ"

"အေး အေး ကောင်းကောင်းပြန်ကြ"

ကလေးတွေကညနေစာသင်ချိန်အပြီးပြန်သွားရင် တောင်ပေါ်ကကျောင်းလေးမှာရှောင်းကျန့်တစ်ယောက်တည်းကျန်ခဲ့တယ်။ နည်းနည်းတော့ခြောက်ကပ်ကပ်နိုင်ပေမယ့် နိစ္စဓူဝအလုပ်တွေကအချိန်ဆွဲနေလို့မရတာမို့ ရေကိုခပ်မြန်မြန်ချိုးလိုက်ရတယ်။ အချိန်နောက်ကျသွားရင်အအေးကြောက်တဲ့ရှောင်းကျန့်အတွက်အဆင်မပြေပါဘူး။ ရေချိုးပြီးထွက်လာတော့ညစာထမင်းချိုင့်ကရောက်ပြီးနေပြီ။ ရှောင်းကျန့်ရေချိုးနေတုန်းထားသွားပုံပါပဲ။

ခပ်စိမ့်စိမ့်အေးလာတဲ့ရာသီဥတုကြောင့်ဆွယ်တာအပါးလေးကိုထပ်ဝတ်ထားလိုက်တယ်။ ညစာစားဖို့စောနေသေးတာကြောင့် စာအုပ်တစ်အုပ်ယူပြီးအပြင်ထွက်ထိုင်နေလိုက်တယ်။ တောင်ပေါ်လေခပ်အေးအေးနဲ့အတူခပ်ငြိမ့်ငြိမ့်ဝတ္ထုကလေးကိုအေးအေးဆေးဆေးဖတ်ရတာရှောင်းကျန့်သဘောကျပါတယ်။ သစ်သားခုံပုလေးပေါ်မှာအရမ်းကြီးသက်တောင့်သက်သာမရှိပေမယ့် စာဖတ်နေရတော့ရှောင်းကျန့်ကအကုန်မေ့နေတတ်တယ်။

"ဆရာရှောင်းကျန့်"

ခပ်ဆတ်ဆတ်အသံကြောင့် အသံလာရာကြည့်မိတော့ဝမ်ရိပေါ်။ ဒီတစ်ပတ်လုံးပျောက်နေပြီးမှပြန်တွေ့တော့လည်းမပြောင်းမလဲမှုန်ကုတ်ကုတ်မျက်နှာပေးနဲ့။

Light Of The 'YuLong' [Complete]Hikayelerin yaşadığı yer. Şimdi keşfedin