-11-

2.1K 251 9
                                    

Uni
/

ချင်းလုံမှာအရမ်းအေးနေပြီ။ နှင်းတွေတအားကျနေပေမယ့် ဒီရက်ပိုင်းမှာလည်းရှောင်းကျန့်မနားဘဲစာသင်နေတုန်းပဲ။ ဒီထက်အခြေအနေဆိုးလာရင်တော့ ကျောင်းကိုခဏပိတ်ဖို့တွေးထားပါတယ်။ မနက်ခင်းချမ်းချမ်းအေးအေးကြီးဆိုပေမယ့် ရှောင်းကျန့်ကတော့ဆွယ်တာအထူကြီးဝတ်ပြီးရွာထဲရောက်ပြီးနေပြီ။ ဘာကိစ္စရယ်လို့မဟုတ်ပဲဒီအတိုင်းလမ်းလျှောက်လာရုံသက်သက်။

"ဆရာလေး ဒီနေ့နှင်းမုန်တိုင်းကျမယ့်လက္ခဏာရှိတယ် ကျောင်းကိုပိတ်ပြီးဒီမှာခဏနေပါ့လား အဆင်ပြေရင်ပြန်ဖွင့်ပေါ့"

စရောက်တည်းကနှင်းမုန်တိုင်းအကြောင်းပြောနေတဲ့အကြီးအကဲလုံအာက ပြန်ခါနီးတော့လည်းစိုးရိမ်ကြီးစွာပြောပြန်ပါတယ်။ အိမ်ရှေ့လမ်းမဆီကြည့်မိတော့ နှင်းမြူတွေဆိုင်းနေပုံက လူသူကွဲအောင်မမြင်ရတော့ဘူး။ ရာသီဥတုအခြေအနေအရ ဒီတစ်ရက်လောက်စမ်းသင်ကြည့်ပြီး အဆင်မပြေရင်​တော့မနက်ဖြန်ကနေစပြီးကျောင်းကိုယာယီပိတ်ထားဖို့တွေးပါတယ်။ ကလေးတွေပညာရေးနှောင့်နှေးရပေမယ့် ဒီကိစ္စကရှောင်းကျန့်တားလို့ရတဲ့အရာမှမဟုတ်ဘဲလေ။

"ဆရာရှောင်းကျန့် တောင်ပေါ်ကမုန်တိုင်းကျလာရင်အဆင်မပြေဘူး အန္တရာယ်လည်းများတယ် ပိတ်လိုက်"

အတွင်းခန်းဆီကနေထွက်လာတဲ့အသံကြောင့်လှည့်ကြည့်မိတော့ တိုင်းရင်းသားငယ်လေးကအိပ်မှုန်စုံမွှားရုပ်ကလေးနဲ့။ ပွယောင်းယောင်းဆံပင်တွေနဲ့မို့ကလေးနဲ့တူနေပေမယ့် ချစ်စရာကောင်းနေတုန်းပါပဲ။ ဒါပေမယ့်အကြီးအကဲလုံအာမသိသေးတဲ့အခြေအနေတစ်ခုကိုဖုံးဖိထားဖို့ရှောင်းကျန့်ခပ်ဖွဖွလေးပဲပြုံးပြလိုက်မိတယ်။ စိတ်ပူနေတဲ့ကောင်လေးအကြောင်းသိပေမယ့်ချက်ချင်းကြီးပိတ်ပစ်လို့လည်းအဆင်မပြေပါဘူး။ ကလေးတွေကိုလည်းအကျိုးအကြောင်းပြောဖို့လိုသေးတာ။

"ဒီတစ်ရက်ပါပဲ နောက်ရက်တွေကျအဆင်မပြေရင်ယာယီတော့ပိတ်ထားဖြစ်မှာ"

ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကသက်ပြင်းတစ်ချက်ချပြီးထွက်သွားတယ်။ မျက်နှာမသစ်ရသေးဘဲလူကိုဆူပူနေတဲ့ကောင်လေးက မျက်နှာသစ်ဖို့သွားပုံရပါတယ်။ အကြီးအကဲနဲ့စကားနည်းနည်းပါးပါးထပ်ပြောပြီးတော့ တောင်ပေါ်ကိုပြန်ဖို့ပြင်လိုက်တယ်။ စာသင်ချိန်လည်းနီးနေပြီ။

Light Of The 'YuLong' [Complete]Where stories live. Discover now