-13-

2K 214 2
                                    

Uni
/

ကျောင်းဖွင့်လို့ရတဲ့ရာသီဥတုအခြေအနေဖြစ်ပေမယ့် ရှောင်းကျန့်ရဲ့ကျန်းမာရေးအခြေအနေကြောင့်ပြန်မဖွင့်ဖြစ်သေးဘူး။ အကြီးအကဲလုံအာနဲ့ဝမ်ရိပေါ်ကလည်း ပြန်မဖွင့်စေချင်သေးတာကြောင့်လည်းပါတယ်။ နေလို့အရှင်းမကောင်းသေးတဲ့ရက်တွေမှာ အကြီးအကဲကလည်းဂရုတစိုက်စောင့်ရှောက်သလို ဝမ်ရိပေါ်ကလည်းအနားကနေမခွာတာမို့ရှောင်းကျန့်အဆင်ပြေပါတယ်။ တစ်ခုပါပဲ။ ရေချိုးရင်တော့နည်းနည်းရှက်ရသေးတာပေါ့။ တောင်ပေါ်ကစာသင်ကျောင်းမှာတုန်းကတစ်ယောက်တည်းမို့မရှက်ရပေမယ့် ဒီအကြီးအကဲရဲ့အိမ်မှာတော့ဝမ်ရိပေါ်ရှိတာကြောင့် သာမန်ထက်ပိုတဲ့ဆက်ဆံရေးတစ်ခုအနေနဲ့ရှောင်းကျန့်ရှက်မိပါသေးတယ်။ ဒါပေမယ့်ငဂျစ်ကလေးကတော့ 'ကျွန်တော်လုံးဝမကြည့်ဘူး စိတ်ချပါဗျာ'လို့တတွတ်တွတ်ပြောပြီးဝတ်ရမယ့်အဝတ်အစားတွေထုတ်ပေးသွားတုန်းပါပဲ။ ရာသီဥတုအေးပေမယ့်ရေခပ်နွေးနွေးရအောင်တယုတယစပ်ပေးပြန်တဲ့အခါ ရှောင်းကျန့်မှာအကြီးအကဲလုံအာကိုမျက်နှာပူရတာကအကြိမ်ကြိမ်။ ဒါပေမယ့်ငဂျစ်ကလေးကတော့လုပ်မြဲ၊လုပ်ဆဲ။

ချစ်ခြင်းမေတ္တာဆိုတာမျိုးကတကယ်ပဲဆန်းကြယ်လွန်းပါတယ်။ ပြည်မကြီးသားဖြစ်တဲ့ရှောင်းကျန့်က ရေစက်ကြောင့်တောင်တန်းဒေသကိုရောက်လာခဲ့ရသလို ဝမ်ယွဲ့လုံတိုင်းရင်းသားလေးနဲ့ပါချစ်ကျွမ်းဝင်ခဲ့ရတယ်။ အကယ်၍များဝေးခဲ့ကြရပြီဆိုရင်တောင် ဒီတွေ့ဆုံမှုအတွက်ကံကြမ္မာကိုကျေးဇူးတင်ပါတယ်။ တောပန်းရနံ့သင်းသင်း၊တောင်ပေါ်လေခပ်ပြင်းပြင်းနဲ့အတူတကွရှိခဲ့ကြဖူးတဲ့မှတ်ဉာဏ်တွေကိုလည်း ဟိုးအချိန်များစွာထိတယုတယထုတ်သိမ်းထားမိဦးမှာပါပဲ။ နှစ်ဦးနှစ်ဖက်လုံးမနာကျင်စေချင်ဘူးဆိုပေမယ့် တကယ်သာဝေးကြရရင်အနည်းနဲ့အများတော့နာကျင်ကြမှာပဲမလား။ ဖြစ်နိုင်ရင်တော့ ရှောင်းကျန့်နဲ့ဝေးကွာရတဲ့အခိုက်အတန့်တွေမှာ ဝမ်ယွဲ့လုံတိုင်းရင်းသားလေးဝမ်ရိပေါ်ကိုအနာအကျင်ကင်းစေချင်တယ်။ မျိုးနွယ်စုရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့လွတ်လပ်ပျော်ရွှင်စေချင်ပါတယ်။

Light Of The 'YuLong' [Complete]Where stories live. Discover now