-8-

2.1K 264 10
                                    

Uni
/

အချိန်ကတစ်ရက်ပြီးတစ်ရက်ကုန်လွန်လာတယ်။ ရွာသူရွာသားတွေရဲ့အမြင်မကြည်မှုကြောင့်ရှောင်းကျန့်ရဲ့တောင်ပေါ်ကစာသင်ကျောင်းလေးဟာတိတ်ဆိတ်နေပုံများ။ ကလေးတွေကလည်းမလာကြတော့ရှောင်းကျန့်ကကျောင်းကလေးမှာတစ်ယောက်တည်းပါပဲ။ တစ်ခါတစ်လေဆိုယောင်ယမ်းပြီးစာသင်ဖို့စာသင်ခန်းလေးဆီကိုထွက်လာမိသေးတာ။ ဒီရက်တွေအတွင်းရှောင်းကျန့်အထီးကျန်နေပါတယ်။

မနက်ဖြန်ဆိုရင်ပြောထားတဲ့တစ်ပတ်ပြည့်တော့မယ်။ အချိန်ကမကျန်တော့ပေမယ့်လဲ့ယွီနှုတ်ကစကားတစ်ခွန်းမှထွက်ကျမလာတော့ ချင်းလုံရွာသားတွေရဲ့သံသယကကြီးထွားနေတုန်းပဲ။ ရှောင်းကျန့်ကတော့ဘာကိုမှတွေးမနေတော့ပါဘူး။ ကံစီမံရာပေါ့လေ။ ဒါပေမယ့်မျိုးနွယ်စုခေါင်းဆောင်လောင်းလျာလေးကတော့ခုထိရှောင်းကျန့်အနားမှာရှိနေတုန်းပဲ။ တဖွဖွအားပေးတုန်းပဲ။ အားနာနေတဲ့စိတ်အပြင်သံယောစဥ်ကြိုးတွေခိုင်မာလာတာနဲ့အမျှ ရှောင်းကျန့်တကယ်ကြီးလက်ထပ်ရမှာကြောက်လာတယ်။ ရှောင်းကျန့် ဝမ်ရိပေါ်ဆိုတဲ့တိုင်းရင်းသားလေးနဲ့အတူစကားတွေပြောချင်သေးတယ်။ ပြီးတော့ရင်ခုန်ချင်ပါသေးတယ်။

"ဆရာရှောင်းကျန့် ကျွန်တော့်ကိုယုံ
ကျွန်တော်ရှိပါတယ် ခင်ဗျားရဲ့"

ညနေတိုင်းရောက်လာတတ်တဲ့တိုင်းရင်းသားလေးကရှောင်းကျန့်ကိုအဲ့လိုပြောတတ်တာတဖွဖွ။ ပိုးပန်းတော့မယ်ဆိုပေမယ့် ရှောင်းကျန့်စိတ်အခြေအနေကိုသိတဲ့ကောင်လေးကနားပူနားဆာမလုပ်ပေမယ့် ရှောင်းကျန့်ကတော့နားပူနားဆာလုပ်စေချင်မိတော့တာပါပဲ။ ဝမ်ရိပေါ်နဲ့အတူရှိနေရရင် ရှောင်းကျန့်ပူပင်စရာတွေမေ့သွားတတ်တာမို့ပေါ့။ စိတ်အတွက်အသုံးချနေတာမှန်ပေမယ့် အားနာစိတ်တချို့တဝက်နဲ့ပါပဲ။ ရှောင်းကျန့်ကအကြီးဖြစ်ပြီးဒီကောင်လေးကအတည်ကြီးကာကွယ်နေရတယ်။

"ဆရာရှောင်းကျန့်"

ကိုယ့်အတွေးနဲ့ကိုယ် တောင်တန်းတွေဖက်ကိုငေးနေတုန်းကြားလိုက်ရတဲ့အသံ​ကြောင့် ရှောင်းကျန့်မသိမသာလေးပြုံးမိသွားတယ်။ ညနေတိုင်ရင်ရောက်လာတတ်တဲ့နက်ပြာရောင်ဂျစ်တူးလေးပါပဲ။

Light Of The 'YuLong' [Complete]Where stories live. Discover now