Final

3.5K 263 10
                                    

Uni
/

လက်ထပ်ပြီးသွားတဲ့နောက်ပိုင်း ပိုပြီသိလာရတာကရှောင်းကျန့်ဟာဝမ်ရိပေါ်မှမဟုတ်ရင်၊ဝမ်ရိပေါ်မှအနားမှာမရှိရင် အဆင်မပြေတော့ဘူးဆိုတာကိုပေါ့။ အိမ်ထောင်တစ်ခုထူထောင်ကြပြီဆိုပေမယ့် ဝမ်ရိပေါ်နဲ့အတူရှိရတဲ့အချိန်တိုင်းမှာ ရှောင်းကျန့်ကရင်တသိမ့်သိမ့်ခုန်နေတုန်းပါပဲ။ ပါးပါးနဲ့မားမားကလည်းအချိန်ရရင်ရသလိုရှောင်းကျန့်တို့ဆီအလည်လာတာမို့ဝမ်ရိပေါ်နဲ့ရော၊အကြီးအကဲလုံအာနဲ့ပါသေချာရင်းနှီးသွားကြတယ်။ အကြီးအကဲတာဝန်ကိုလက်လွှဲယူပြီးဖြစ်တဲ့ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့စာသင်ကျောင်းကလေးဆီအချိန်မှန်မှန်ထမင်းပို့ဖို့တော့မပျက်ကွက်ခဲ့ဘူး။ ဝမ်ရိပေါ်ကမျိုးနွယ်စုကိုအုပ်ချုပ်ရင်းအချိန်တွေကိုကုန်သလို ရှောင်းကျန့်ကလည်းကလေးတွေကိုစာသင်ရင်းနေ့ရက်တွေကိုဖြတ်ကျော်ခဲ့တယ်။ ဒါပေမယ့်ဘယ်လောက်ပဲကာလတွေကျော်ခဲ့၊ကျော်ခဲ့ ချစ်ခြင်းမေတ္တာကအရာမယွင်းခဲ့ပါဘူး။ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုတယုတယချစ်တုန်း၊ အမြတ်တနိုးကာကွယ်ချင်တုန်းပါပဲ။

တာဝန်တစ်ခုကိုလက်လွှဲယူလိုက်ရပြီဆိုတာနဲ့အမျှဝမ်ရိပေါ်ကရင့်ကျက်တဲ့လူငယ်လေးအသွင်ပိုပေါက်လာတယ်။ ဒါပေမယ့်ရှောင်းကျန့်အနားရောက်ရင်တော့အခွင့်အရေးယူတတ်တဲ့ဝမ်ယွဲ့လုံတိုင်းရင်းသားလေးအဖြစ်ရှိနေတတ်ပါတယ်။ ရှောင်းကျန့်တစ်ယောက်တည်းသာမြင်ခွင့်ရှိတဲ့ဝမ်ရိပေါ်ရဲ့ပုံစံ၊ ရှောင်းကျန့်တစ်ယောက်တည်းကိုပဲလိုလိုလားလားချပြထားတဲ့ဝမ်ရိပေါ်ရဲ့ပုံစံအစစ်အမှန်ဟာခွေးပေါက်ကလေးတစ်ကောင်ကောက်ရသလိုချစ်စရာကောင်းပါတယ်။

"ကဲ!! ကျောင်းဆင်းချိန်ရောက်ပြီ
လွယ်အိတ်တွေ၊စာအုပ်တွေသိမ်းကြတော့"

"ဟုတ်ကဲ့ပါ ဆရာလေး"

ရှောင်းကျန့်ကပြောတော့ကလေးတွေကသံပြိုင်ပြန်ပြောကြတယ်။ ဒီကလေးတွေကတော့ပြန်ရမယ်ဆိုရင်သိပ်သဘောကျနေကြတာ။ ညနေခင်းရဲ့လေပြေကသုတ်ခနဲတိုက်တယ်။ ဟိုးအရင်ကတော့ညနေခင်းဆိုတိုင်းရင်းသားကောင်လေးနဲ့ကုန်းကမူပေါ်မှာအတူထိုင်ရင်းရောက်တတ်ရာရာပြောတတ်ကြပေမယ့် အခုတော့မတူတော့ဘူး။ အကြီးအကဲရဲ့တရားဝင်ကြင်ယာဖက်ဖြစ်သွားတဲ့အခါ တောင်ပေါ်ကစာသင်ကျောင်းကလေးမှာအတူစကားမပြောဖြစ်ကြတော့ပါဘူး။

Light Of The 'YuLong' [Complete]Where stories live. Discover now