-5-

2.3K 281 4
                                    

Uni
/

"ဆရာလေး ဒီနေ့လီဟုန်ကျောင်းမလာဘူး"

စာသင်ချိန်စစချင်းမှာပဲစကားများလေ့ရှိတဲ့ယွဲ့လွီကစကားလာစတယ်။

"ဟုတ်လား ဘာလို့တဲ့လဲ
သူ့အမားနဲ့ဟင်းစားသွားရှာတာလား"

တောင်ပေါ်ဒေသမှာဟင်းစားအရှာထွက်တယ်ဆိုတဲ့ဓလေ့ရှိတာမို့ ရှောင်းကျန့်ခန့်မှန်းပြီးမေးလိုက်တော့ ယွဲ့လွီကချက်ချင်းခေါင်းယမ်းတယ်။

"မဟုတ်ဘူး ဆရာလေး
လီဟုန်ဖျားနေလို့နတ်ဆရာနဲ့ပြမလို့တဲ့"

ယွဲ့လွီစကားကြောင့်ရှောင်းကျန့်ထိတ်ခနဲစိုးရိမ်သွားတယ်။ ဒီမျိုးနွယ်စုလေးကရှောင်းကျန့်တို့လိုမဟာယနဗုဒ္ဓဘာသာကိုကိုးကွယ်ကြတယ်ဆိုပေမယ့် အခုလိုမျိုးနတ်ကိုးကွယ်မှုတွေလည်းထွန်းကားနေသေးတာ။ ကျောင်းဆရာနဲ့ဘာသာရေးဆိုတာမသက်ဆိုင်ပေမယ့် တပည့်မလေးရဲ့ကျန်းမာရေးကိုတော့ရှောင်းကျန့်တကယ်စိတ်ပူပါတယ်။ တကယ်ဆိုဖျားတာ၊နာတာကဆေးရုံဆေးခန်းသွားရမှာမဟုတ်ဘူးတဲ့လား။

"လီဟုန်တို့အိမ်ကိုသိလား ယွဲ့လွီ"

ရှောင်းကျန့်ကမေးတော့ယွဲ့လွီကချက်ချင်းခေါင်းတစ်ဆတ်ဆတ်ညိမ့်တယ်။

"ဒီချင်းလုံတစ်ရွာလုံး သားမသိတာဘာမှမရှိပါဘူး ဆရာလေးရဲ့"

ဘဝင်ကိုင်နေတဲ့မျက်နှာပေးလေးနဲ့ပြောလာတဲ့ယွဲ့လွီကြောင့်ရှောင်းကျန့်ပြုံးမိသွားတယ်။ တကယ်စကားတအားတတ်တဲ့ကလေး။

"ကဲ!! ဆရာတို့တွေလီဟုန်တို့အိမ်သွားကြရအောင် လီဟုန်ဖျားနေတယ်တဲ့"

"ဟုတ်ကဲ့ ဆရာလေး"

ကလေးတွေလက်ကိုဆွဲပြီးတောင်အောက်ကရွာကလေးဆီကိုဆင်းခဲ့လိုက်တယ်။ အမှန်အတိုင်းပြောရရင်ကျန်းမာရေးကိုတော့သေချာလေးဂရုစိုက်စေချင်မိတာ။ နတ်ဆရာနဲ့ကျန်းမာရေးဆိုတာဘာမှမဆိုင်ဘူးလို့ရှောင်းကျန့်တွေးပေမယ့် မျိုးနွယ်စုရဲ့ပြင်ပလူရှောင်းကျန့်ကဘာမှမတတ်နိုင်ပါဘူး။

"ဆရာလေး ဒါလီဟုန်တို့အိမ်"

ခပ်သေးသေးသစ်သားအိမ်ကလေးရှေ့ကဝါးခြံစည်းရိုးမှာပြောင်းဖူးခြောက်တွေချိတ်ထားတယ်။ မြို့ကြီးပြကြီးတွေမှာဖွံ့ဖြိုးတိုးတက်နေသလောက်ဒီတောင်ပေါ်ဒေသလေးမှာတော့ခေါင်ပါးလိုက်ပုံများ။

Light Of The 'YuLong' [Complete]Where stories live. Discover now