-10-

2.2K 236 5
                                    

Uni
/

တမင်တကာကြီးပြေးတွေ့နေရတာမျိုးမဟုတ်ပါဘဲနဲ့ နေ့လည်စာလာပို့ရင်းရောက်လာတတ်တဲ့တိုင်ရင်းသားလေးက ညနေခင်းတွေဆိုလည်းအချိန်မှန်မပျက်မကွက်ရောက်လာတတ်ပါသေးတယ်။ လက်ကိုခပ်ဖွဖွတစ်လှည့်၊ခပ်တင်းတင်းတစ်လှည့်ဆုတ်ကိုင်တတ်တာအပြင် ဝမ်ရိပေါ်ကဘာအခွင့်အရေးမှထပ်မယူခဲ့ပါဘူး။ ရှောင်းကျန့်ကတော့တစ်ခါတစ်လေပူပင်စရာတွေတွေးပြီးချင်းလုံနဲ့ခွဲရမှာကြောက်နေရတဲ့အချိန်တွေမှာတောင် အဲ့ဒီကောင်လေးရဲ့နွေးနွေးထွေးထွေးမနေလို့ဆိုပြီးဆူတဲ့စကားသံတွေနဲ့အားတင်းပြီးကျော်ဖြတ်ရတဲ့အထိ အချိန်တိုအတွင်းမှာဝမ်ယွဲ့လုံမျိုးနွယ်စုခေါင်းဆောင်လောင်းလျာကိုမေတ္တာသက်ဝင်မိသွားခဲ့ပြီးပါပြီ။

"အရမ်းအေးနေတာလား"

ကျောင်းပိတ်ရက်ရဲ့ညနေခင်းမှာထုံးစံအတိုင်းရောက်လာတတ်တဲ့ကောင်လေးကမေးပါတယ်။ စိမ့်ခနဲအေးလာတဲ့ရာသီဥတုကြောင့်လက်နှစ်ဖက်ကိုခပ်ကျစ်ကျစ်ပိုက်လိုက်တဲ့ရှောင်းကျန့်ကို ရိပေါ်ကသတိထားမိသွားပုံပါပဲ။ စာသင်ကျောင်းဘေးကတောင်ကမူလေးပေါ်မှာထိုင်ရင်းရောက်တတ်ရာရာပြောကြတာကချစ်သူရည်းစားရယ်လို့ဖြစ်ပြီးတဲ့နေ့ကစလို့ရေတွက်ကြည့်ရင်နှစ်ပတ်ပေါ့။ ဆွယ်တာခပ်ထူထူဝတ်ထားပြီးချမ်းနေတာကရှောင်းကျန့်ဖြစ်ပေမယ့် ရိုးရာဝတ်စုံလက်ရှည်အပါးလေးနဲ့မျက်မှောင်ကျုံ့မေးလာတဲ့သူကဝမ်ရိပေါ်ပါပဲ။

"အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး ခုနကလေတိုက်သွားလို့ပါ"

မုသားနည်းနည်းသုံးပြီးရှောင်းကျန့်ဖြေလိုက်ပါတယ်။ လေတိုက်သွားတာမှန်ပေမယ့်ရှောင်းကျန့်အေးနေတာအရင်တည်းက။ အလိုလိုတောင်အရမ်းအေးတဲ့ချင်းလုံကခုဆိုဆောင်းရာသီအလယ်ပိုင်းကိုရောက်လာပြီ။ နှင်းတွေခပ်ထူထူကျလာပြီ။ နဂိုအအေးကြောက်တဲ့သူမို့ခုလိုရာသီကိုရှောင်းကျန့်မကြိုက်တာအမှန်ပါပဲ။

"အရမ်းအေးနေရင်ကျွန်တော့်ရင်ခွင်ထဲခဏလာမလားဗျာ"

အရမ်းမနီးတဲ့အကွာအဝေးကနေ လက်တစ်ဖက်ကမ်းလင့်ပေးရင်းရိပေါ်ကပြောလာတယ်။ အသားယူလိုစိတ်နဲ့မဟုတ်ဘဲထွေးပွေ့လိုစိတ်နဲ့မှန်းရှောင်းကျန့်သိပါတယ်။ ဒီအမျိုးသားကရှောင်းကျန့်အပေါ်ဘယ်၍ဘယ်မျှချစ်​ကြောင်းကိုပါ အခိုက်အတန့်ကာလတွေကြားမှာရှောင်းကျန့်သိပြီးခဲ့ပါပြီ။

Light Of The 'YuLong' [Complete]Where stories live. Discover now