-15-

1.9K 220 5
                                    

Uni
/

မေတ္တာနဲ့စိုက်တဲ့ပန်းတွေပွင့်ရင် ဘယ်လိုအနံ့မျိုးသင်းပျံ့မလဲ။ ရှောင်းကျန့်အတွက်ကတော့ မေတ္တာအားဖြင့်သင်ကြားပေးလိုက်ရတဲ့ပညာရပ်တွေနဲ့မေတ္တာအားဖြင့်ကုန်ဆုံးလိုက်ရတဲ့အချိန်ကာလတွေမှာ ကလေးတွေရဲ့အပြုံးကြည်ကြည်လေးတွေကအကျိုးရလဒ်ပါပဲ။ အများကြီးမကျန်တော့တဲ့ရက်ကာလတွေအတွင်းမှာ ကလေးတွေကိုစာသင်တယ်။ နေ့လည်စာလာပို့တဲ့တိုင်းရင်းသားလေးရဲ့အပြုံးကိုတစိမ့်စိမ့်ငေးကြည့်တယ်။ တစ်ခါတစ်လေပေါက်ကရလျှောက်မေးတတ်တဲ့ကလေးတွေရဲ့မေးခွန်းတွေကိုမငြီးမငြူဖြေခဲ့ပါတယ်။ နှစ်လတာကာလအတွင်းထုတ်ပိုးသိမ်းဆည်းမိသမျှအမှတ်တရတွေထဲမှာ ကလေးတွေရယ်၊ ဝမ်ယွဲ့လုံတိုင်းရင်းသားလေးဝမ်ရိပေါ်ရယ်၊ တောင်ပေါ်လေခပ်သော့သော့ရယ်၊ ပြီးတော့တောပန်းရောင်စုံတွေရယ်ကအဓိကအခန်းကဏ္ဍမှာပါဝင်ပါတယ်။

ကလေးတွေတစ်နေ့တစ်နေ့လာပြီးကျွေးကြတဲ့ဟင်းစားတွေကိုတစ်မျိုးပြီးတစ်မျိုးစားလိုက်၊ တောင်ပေါ်ဒေသရဲ့ဒေသထွက်သီးနှံတွေကိုစားလိုက်နဲ့ အရာရာဟာနေသားတကျ။ ပြီးတော့ချစ်ရတဲ့တောင်ပေါ်သားလေးဆီက ခပ်ဝဲဝဲစကားသံတွေကလည်း နှလုံးသားအောက်ခြေအထိရောက်နှင့်ပြီးသွားပြီ။ ဆွယ်တာထူထူဝတ်ထားရင်တောင်အေးနေသေးတဲ့နေ့ရက်တွေမှာ ခိုမိနားမိတဲ့တိုင်းရင်းသားငယ်လေးရဲ့ရင်ခွင်ဟာလည်း ရှောင်းကျန့်ရဲ့အိမ်လေးတစ်လုံးလိုဖြစ်လာတယ်။ အသည်းနှလုံးရိုးတွင်းချဥ်ဆီအထိနွေးပါတယ်။ ထွေးပွေ့တဲ့သူဟာဝမ်ရိပေါ်မို့၊ ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့ခေါင်းဆောင်လောင်းလျာဝမ်ရိပေါ်မို့ပေါ့။

"ဒီနေ့နေသာတာမို့ ကျွန်တော်ခဏလောက်ဖက်ထားချင်လို့ရမလား"

"နေ့လည်ကထမင်းသိပ်မစားဘူးမလား
နေမကောင်းလို့လား ဆရာရှောင်းကျန့်
တစ်ခုခုအဆင်မပြေတာရှိရင်ကျွန်တော့်ကိုပြောလေ"

"ညဖက်စောစောအိပ်ပါဦး
ကြာရင်ခင်ဗျားပိုပြီးပိန်လာလိမ့်မယ်"

"ခင်ဗျားကလေးလိုမဆိုးနဲ့ ရှောင်းကျန့်ရဲ့
နွေးနွေးထွေးထွေးနေပါဆိုဗျာ"

Light Of The 'YuLong' [Complete]जहाँ कहानियाँ रहती हैं। अभी खोजें