-9-

2.2K 257 11
                                    

Uni
/

တောပန်းကလေးတွေရဲ့ရနံ့ကိုရှူရှိုက်ရင်း၊ ကလေးတွေကိုစာသင်ပေးရင်း ပြီးတော့တိုင်းရင်းသားလေးရဲ့ခပ်ဝဲဝဲစကားသံကိုနားထောင်ရင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေဟာအရေအတွက်များလာတယ်။ တိတိကျကျပြောရရင်ရှောင်းကျန့်ဒီကိုရောက်တာခြောက်လရှိသွားပြီ။ ချင်းလုံရွာကလေးကိုထိတွေ့ခွင့်ရခဲ့တာဟာအချိန်ကာလတွေများခဲ့ပါပြီ။ ဘာတွေပြောင်းလဲသွားလဲလို့မေးရင် စတွေ့တဲ့နေ့ကဂျစ်တူးတူးတိုင်းရင်းသားကလေးကလိမ္မာလာတယ်။ ရှောင်းကျန့်ကလည်းဒီရေ၊ဒီမြေ၊ဒီတောင်တန်းလေနုအေးနဲ့အသားကျလာပါတယ်။

နေ့ရက်တွေပြောင်းသွားတာနဲ့အတူရှောင်းကျန့်စိတ်ထဲမှာသေချာလာတဲ့အရာက ဝမ်ရိပေါ်နည်းတူရှောင်းကျန့်ကလည်းဝမ်ရိပေါ်ကိုတွယ်တာနေခဲ့ပြီးပြီဆိုတာပါပဲ။ ဒါပေမယ့်သူတို့တွေကအချိန်တန်ရင်ခွဲရမယ့်သူတွေမလား။ တွယ်တာတော့နာကျင်ရတာအပြင်ထူးခြားလာမယ့်အရာရှိမှာမဟုတ်ပါဘူး။ မတွယ်တာချင်ဘူး။ ချန်ရစ်ခဲ့တဲ့သူထက်ကျန်ရစ်ခဲ့တဲ့သူကပိုနာကျင်ရမှာမို့ တိုင်းရင်းသားလေးကိုနာကျင်ပြီးမကျန်ခဲ့စေချင်တာရှောင်းကျန့်တစ်ယောက်တည်းရဲ့အလိုဆန္ဒပါ။

"ဆရာလေး"

"ဟင်"

ခပ်စူးစူးထွက်လာတဲ့အသံကြောင့်ယောင်ယမ်းပြီးထူးမိတော့ ကိုယ့်စားပွဲနားမှာကလေးတွေကအုပ်လိုက်ရောက်နေပြီ။ အော်လိုက်တာကတော့ဟွားဟွား။ နောက်မှသတိရတာက ကလေးတွေကိုစာပြီးရင်လာပြဖို့သူမှာထားမိတာပါပဲ။ ဟိုတွေး၊ဒီတွေးနဲ့ကလေးတွေကိုရှောင်းကျန့်မေ့နေတယ်။ ခုတော့စားပွဲနားမှာအုပ်လိုက်စုစုရုံးရုံး။

"စာအုပ်တွေထပ်ခဲ့
ပြီးရင်ဆရာလှမ်းခေါ်လိုက်မယ်"

"ဟုတ်ကဲ့ ဆရာလေး"

ကလေးတွေကစာစစ်ရမယ့်စာအုပ်တွေကိုထပ်ပြီးတော့သူ့နေရာသူပြန်သွားကြတယ်။ ရှောင်းကျန့်ရောက်ပြီးတဲ့ခြောက်လအတွင်းကလေးတွေကလက်ရေးလေးတွေလှလာကြတယ်။ ပြီးတော့စာသေချာကျက်လာကြတာမို့ရှောင်းကျန့်စိတ်ချမ်းသာရပါတယ်။ အရိုးခံအပြုံးကလေးတွေနဲ့ တစ်ခါတစ်လေဆရာလေးဖို့ဆိုပြီးတကူးတကယူလာတတ်တဲ့ဒေသဟင်းလျာတွေကြောင့် ရှောင်းကျန့်ကြည်နူးမိတာအခါခါပါပဲ။ တော်သေးတာပေါ့။ ရှောင်းကျန့်ဒီရွာကလေးကိုရွေးချယ်ခဲ့မိလို့တော်သေးတယ်။

Light Of The 'YuLong' [Complete]Where stories live. Discover now