အပိုင်း (၆၆)

12.4K 631 51
                                    


နံနံက်အရုဏ်မတက်ခင် အစောကတည်းက အဖေ့အလှူအတွက် လုပ်ကိုင်ပေးနေကြပုံတွေက တကယ်အားရကြည်နူးဖွယ် ကျေးလက်မြို့ပြတွေရဲ့ ရှားပါးတဲ့ သည်မြင်ကွင်းကို ကြည့်ပြီး လှူတန်းချင်စိတ်တွေတ်ိုးမိသည်။ ဆွေးမျိုး မိတ်သဂ်ဟ တွေနှင့် ပတ်ဝန်းကျင် အမျိုးတွေက အားဖြည့်ကူညီချက်ပြုတ်ကြရင်း အဖေရဲ့ အလှူကို အထ မြောက်ဖို့ရန် ဝိုင်းဝန်းကူညီနေကြသည်။

မနီးမဝေးက အဖေ အလှူအတန်းပြုလုပ်မည့် ရိပ်သာမှာ သံဃာတော် အရှင်သူမြတ်အပါအဝင် များပြားလှသော သံဃာတော်များကို အာရုံဆွမ်း ဆပ်ကပ်လှူတန်းပြီး ရိပ်သာရှိ တရားကျင့်ကြံအားထုတ်နေသော ယောဂီများကိုပါမကျန် အာဟာရကုသိုလ်များလှူတန်းကြမှာမို့ ချက်ပြုတ်နေသည့် အမျိုး၊ မိတ်ဆွေတွေက ကူညီနေကြသည်မှာ ကလေးငယ်တို့ အိမ်ရှေ့ တွင် သူသူငါငါ စကားစမည်ပြောဆို ၍ လုပ်ကိုင်နေကြသည်ကိုကြည့်ပြီးကြည်နူးရိပ်တွေ တဖွားဖွား။ နယ်မြို့လေး၏ ပျော်စရာကောင်းပုံ၊ အလှူအတန်းရက်ရောပုံ ၊ ကူညီချင်စိတ်ပြည့်ဝပုံ၊ ရင်းနှီးဖော်ရွှေပုံတ်ု့ကို ကျွန်တော်တ်ု့မိသားစုနှင့် သက်ပိုင်တို့အတွဲက ကြည့်ရူပြီး နောက်နှစ်တွေမှာ အတူလာလှူတန်းကြဖို့ တိုင်ပင်နေကြပြီ။

ဂုဏ်ပကာသန ကင်းစင်သော သည်အလှူတော်လေး၊ သနပ်ခါးဖွေးဖွေး လှပျိုဖြူ အမျိုးသမီး အသက်ကြီးငယ်မရွေး လှပနေပုံတို့ကိုကြည့်ပြီး တောသူတောင်သားတွေရဲ့ ရိုးစင်းသော အလှ၊ အပြိုင်အဆိုင်ကင်းမဲ့လှတဲ့ နယ်မြို့က အဖေ အလှူပုံရိပ်တွေ၊ ငယ်သူချင်းမိတ်ဆွေများ အမျိုးများကြား သားငယ်၏ စကားတက်နေပုံကြောင့် ပွဲစည်နေပုံတိူ့ကို ကြည့်ပြီး မိသားစုကို ပိုတန်ဖိုးထားတက်လာပြီ၊ နယ်မြို့လေးကိုချစ်တက်လာပြီ၊ နယ်မြို့လေး၏ရိုးသားဖြူစင်မူကို မြတ်နိူးတက်လာပြီ ၊ နယ်မြို့လေး၏ အလှူအတန်းရက်ရောပုံတွေကိုကြည့်ပြီး အလုပ်ကြိုးစားလုပ်၍ တစ်နှစ်တစ်ခါ မိသားစု လိုက်လာရောက် ကုသိုလ် ယူမည်ဟု ဆုံးဖြတ်ချက်ကိုပါ တစ်ပါတည်း ချမှတ်လိုက်ပြီ။

အိမ်တော်က မားမား တစ်ယောက် နေသာပါစေ၊ ပျော်ရွှင်စရာနေ့ရက်တွေ ကြုံတွေ့နိုင်မည့်နေရက်တွေပိုင်ဆိုင်ပါစေ " စသည့်တောင်းဆုကို ဘုရားရိပ် ၊ တရားရိပ် မြင်ရသည်ဖြစ်စေ ၊ ဘုရားဆောင်ရှေ့ ရှိနေသည်ဖြစ်စေ အပါးယုံကြည်ရာ ဗုဒ္ဓဘုရားရှေ့မှာ တောင်းဆု ပြုစမြဲ။ ကိုယ်တိုင်သည်က မားမား ယုံကြည်ရာနောက် လိုက်ပါခဲ့သည်မို့ ဘာသာ ခြားဟု မဆိုသာ အပါးယုံကြည်ရာကို လိုက်ကန်တော့ပြီး မားမားဘုရားကျောင်းတက်ရင် အတူလိုက်ပါစမြဲ။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လုံးကို ဘာသာရေးယုံကြည်မူကို လွတ်လပ်စွာရွေးခြယ်ခွင့်ပေးထားသော အပါးသည် ဘာသာရေးယုံကြည်မူနှင့်ပတ်သတ်ပြီး မည်သည့်ဘက်ကိုလိုက်ပါရမည် ဆိုမထားသောကြောင့် အဖိုးရှိရာ ပြည်ပမှာ အနေများတဲ့ ကျွန်တော်က ခရစ်တော်ကို ယုံကြည်သူ ဖြစ်လာခဲ့ပသည်။ အလှူအတန်းကုသိုလ် ယူချိန် ဘာသာမရွေး ၊ လူမျိုးမရွေး ၊ ဒေသမရွေး လှူတန်းကုသိုလ်ယူတက်သည့် အပါး၏ စိတ်သဘောထားကို ငယ်စဉ်ကတည်းကနေ ခုချိန်ထိ အမြဲလေးစားရစမြဲ၊ ဂုဏ်ယူမြဲ ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now