Part - 2

10.4K 1.3K 55
                                    

၂ ။ ကြက်နဲ့ဘဲစကားပြောကြရာဝယ်

ရှောင်းကျန့်နဲ့ပြန်တွေ့မဲ့နေ့ကို ဝမ်ရိပေါ်အမျိုးမျိုးစိတ်ကူးကြည့်ခဲ့ဖူးတယ်၊ သူ့ကိုမဟုတ်ပဲ သူ့သားကို အရင်တွေ့ရလိမ့်မယ်လို့တော့ ထင်မထားခဲ့မိဘူးပေါ့။

သူ့လိုလူမှာတောင် မိသားစုတစ်ခု ရှိနေခဲ့ပြီလား။

..................

ရှောင်းကျန့်နဲ့စတွေ့ခဲ့တဲ့နေ့ကိုတော့ ဝမ်ရိပေါ်ကောင်းကောင်းမှတ်မိတယ်၊ အဲ့ဒီနေ့က ဝမ်ရိပေါ် အရိုက်ခံလာရပြီး တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေခဲ့တာ။

အရိုက်ခံရနေကျမို့ ဝမ်ရိပေါ်က ကျောပိုးအိတ်ထဲမှာ ပတ်တီးနဲ့ဘီတာဒင်းဆေးရည် ဆောင်ထားတတ်တယ်၊ အဲ့ဒီနေ့ကလဲ ဆေးထည့်ဖို့အတွက် တိတ်တိတ်လေးအိတ်ယူပြီး စတိုခန်းဘက်ကို ထွက်လာခဲ့တယ်၊ စတိုခန်းထဲကို ပြတင်းပေါက်ကနေ ကျော်ဝင်လိုက်ချိန်မှာသာ အထဲမှာ လူတစ်ယောက်ရှိနေမှန်းသိလိုက်ရတာ။

ဝမ်ရိပေါ်ဘက်က ထိုင်ခုံဆွဲလိုက်တဲ့အသံကြောင့် ခုံအနောက်ကိုမှီပြီးအိပ်ပျော်နေတဲ့ကျောင်းသားက ဆတ်ခနဲ လန့်နိုးသွားတယ်၊ မကျေမနပ်ဖြစ်သွားတဲ့အလျောက် ထိုကျောင်းသားရဲ့လှပတဲ့မျက်ခုံးတွေကပါ တွန့်ချိုးသွားခဲ့တယ်၊ အဲ့ဒီနောက်တော့ သိပ်မဖွင့်ချင်သေးတဲ့မျက်လုံးတွေနဲ့ ဝမ်ရိပေါ်ဘက်ကို လှမ်းကြည့်လာတယ်။

အနှီးကျောင်းသားက အိပ်ရာအနှိုးခံလိုက်ရတဲ့ ကျားသစ်ပေါက်တစ်ကောင်လို သူ့ရဲ့ပိုင်နက်ထဲ ကျူးကျော်လာတဲ့လူကို သေချာလေးအကဲခတ်နေခဲ့တယ်၊ သူ့ဆီကနေလဲ သိပ်ကိုအထက်စီးဆန်တဲ့ Alpha တစ်ယောက်ရဲ့အရှိန်အဝါတွေ ဖြာထွက်နေတာပါ။

ဒါပေမဲ့ ဝမ်ရိပေါ်ဘက် တစ်ချက်လှမ်းကြည့်ရုံကလွဲပြီး စကားတစ်လုံးမှ မပြောခဲ့ဘူး၊ သူ့ကိုစကားပြောဖို့ ကြိုးစားနေတဲ့သူကိုလဲ ခပ်တုံးတုံး ဝက်တစ်ကောင်အလား၊ အဖက်မတန်သလို သဘောထားပြီး လျစ်လျူရှုပစ်လိုက်တယ်။

ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးကတော့ တုံးတဲ့ဝက်တွေထဲမှာတောင် အတုံးဆုံးဝက်ကလေးမို့ ကျားသစ်ရဲ့အမြီးကို သူ့လည်ပင်းမှာပတ်ဖို့ ကြိုးစားလိုက်မိတယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now