၃၄။ ကုစားခြင်း။
"ကမ္ဘာကြီးကိုကြည့်ကြတဲ့နေရာမှာ Asperger တစ်ယောက်ရဲ့အမြင်နဲ့ ပုံမှန်လူတစ်ယောက်ရဲ့အမြင်က ထပ်တူကျမယ်လို့ မင်းထင်သလား"
Prof ကျိုးက သူ့ရဲ့စာကြည့်မျက်မှန်ကိုချွတ်ကာ မျက်လုံးတွေကိုပွတ်သပ်လိုက်တယ်၊ ပြီးတာနဲ့ မှင်တက်ဆွံ့အနေဆဲဖြစ်တဲ့ ဝမ်ရိပေါ်ကိုလှမ်းမေးလာတယ်။
ဝမ်ရိပေါ်မော့ကြည့်လိုက်တော့ Prof ရဲ့မျက်လုံးထောင့်မှာ မျက်ရည်စတချို့ကို မြင်လိုက်ရတယ်။
"တို့ကတော့ ကျိန်းသေပေါက်မတူဘူးလို့မြင်တယ်"
Prof ကျိုးက ရယ်မောရင်း သူ့မေးခွန်းသူ ပြန်ဖြေတယ်၊ ပြီးမှ အိတ်ထဲက တစ်ရှူးထုတ်ပြီး မျက်ရည်တွေကို သုတ်လိုက်တယ်။
"တို့လူနာတွေ အများကြီးတွေ့ခဲ့ဖူးတယ်.. ဒါပေမဲ့ သူတို့တစ်ယောက်ချင်းစီကနေ ပေးလာတဲ့အဖြေတွေကတော့ ကွဲပြားတယ်"
Prof ကျိုးက အတိတ်ကိုပြန်တွေးနေသလိုပုံစံနဲ့ ရီဝေစွာစကားဆက်တယ်။
"တို့မှာ လူနာတစ်ယောက်ရှိခဲ့ဖူးတယ်.. သူက ၅.. ၁၅.. ၅၂ စသဖြင့် နံပါတ် ၅ ပါတာကိုစွဲလမ်းနေတဲ့သူ.. ၅မပါတဲ့ ဘက်စ်ကားကို ဘယ်တော့မှမစီးဘူး.. စီးဖို့ နံပါတ်၅ ပါတဲ့ကားမတွေ့ရင်း လမ်းလယ်ခေါင်လဲမရှောင်ဘဲ အော်ငိုတတ်တယ်"
"ဒီလိုနဲ့ ၁၅ နှစ်အရွယ်ရောက်တော့ ၅ထပ်တိုက်ပေါ်ကနေခုန်ချပြီး အဆုံးစီရင်သွားခဲ့တယ်"
"နောက်တော့ သူရဲ့သေတမ်းစာကို မိဘတွေကပြန်ရှာတွေ့ခဲ့တယ်.. စာထဲမှာရေးထားတဲ့ပုံအရ..သူ့မိဘတွေကို လက်တုံ့ပြန်ချင်တာ.. အဲ့ဒီအတွက်ကိုလဲ သူက ၅နှစ်တိတိ စောင့်ခဲ့ရတာတဲ့လေ "
"ဘာလို့ ဒီလိုလုပ်တာလဲဆိုတော့ သူအသက် ၁၀နှစ်အရွယ်မှာ သူ့မိဘတွေကသူ့ကို ကျောင်းအတင်းပို့လိုက်တယ်.. ဒါပေမဲ့ အိမ်ကနေ ကျောင်းကိုရောက်တဲ့ဘက်စကားတွေမှာ နံပါတ် ၅ ပါတာ တစ်စီးမှမရှိဘူး"
ဝမ်ရိပေါ် မယုံနိုင်သလိုမျက်လုံးတွေနဲ့ Prof ကျိုးကိုလှည့်ကြည့်လာတယ်၊ လက်နှစ်ဖက်ကတော့ ဂျင်းဘောင်းဘီကို တင်းတင်းကျပ်ကျပ်ဆုပ်ထားမိသွားတယ်။
YOU ARE READING
Drowning Paper Aeroplane [溺水的纸飞机]
Fanfiction⚠️ Autism Spectrum Disorder, YiZhan, BJYX , Omegaverse, M - preg. - သင်ဟာ ရေနစ်သွားတဲ့စက္ကူလေယာဉ်လေးဖြစ်ခဲ့ရင် ဟိုးအဝေးကကောင်းကင်ပြာပြာကို မော့ကြည့်နေမိအုံးမလား... - I do not own this story. Authorized Translation. All rights reserved to the origi...