Part - 24

8.6K 1.2K 128
                                    

၂၄။ အနီရောင်။

ဝမ်ရိပေါ် အလန့်တကြားခေါင်းမော့ကြည့်လိုက်မိတယ်။

စိတ်ထဲမှာလဲ မေ့ထားမိတဲ့မှတ်ဉာဏ်တချို့ ပြန်ပေါ်လာတယ်၊ ဟုတ်တယ်၊ ဝမ်ရိပေါ်ကိုယ်တိုင်လုပ်ခဲ့တာ၊ သူတို့ရဲ့နှစ်ယောက်ရဲ့အတွဲလိုက်ပုံတွေကို တစ်ပုံချင်းစီဆွဲထုတ်ပြီး ကတ်ကြေးနဲ့လိုက်ဖြတ်ပစ်တဲ့ အချိန်မျိုးရှိခဲ့ဖူးတယ်၊ ကတ်ကြေးနဲ့ဖြတ်နေတဲ့အသံကိုတောင် ဝမ်ရိပေါ်ပြန်ကြားယောင်လာတယ်။

ထိုင်နေရင်း လက်တွေပါတုန်လာတာမို့ ကွမ်ကွမ်ကတောင် ဝမ်ရိပေါ်ကိုမော့ကြည့်လာတယ်၊

"ဘေဘီ..ကိုယ်လေ.."

တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ ဘာပြောရမယ်မှန်း သူမသိဘူး။

ရှောင်းကျန့်ကဝမ်ရိပေါ်ကိုလှမ်းကြည့်လာတယ်၊ ပြီးတော့ အညှပ်ခံထားရတဲ့ဓာတ်ပုံတွေကို ပြန်ငုံ့ကြည့်တယ်၊ အဲ့ဒီနောက်တော့ အယ်လဘမ်ကို တိတ်တဆိတ်ပြန်ချထားလိုက်တယ်။

ဝမ်ရိပေါ်က ရှောင်းကွမ်ကွမ်ကို အောက်ချပေးလိုက်ပြီး တံခါးပေါက်ဘက်သွားနေတဲ့ရှောင်းကျန့်အနောက်ကို ပြေးလိုက်သွားတယ်။

"ကော..ကော.. ကိုယ်ပြောတာနားထောင်ပါအုံး.."

ရှောင်းကျန့်က အပေါ်တက်မယ်ဆိုတဲ့သဘောနဲ့ သူ့သားကို လက်ယပ်ခေါ်လိုက်တယ်၊ ဝမ်ရိပေါ်ရှင်းပြဖို့ လုပ်တာကို နားထောင်ချင်ပုံမရဘူး။

"ကော..အဲ့လိုမဟုတ်ပါဘူး.. ကိုယ်ပြောတာ.."

ရှောင်းကျန့်ကတော့ တွန့်ဆုတ်ပြီး မပြန်ချင်သေးတဲ့ရှောင်းကွမ်ကွမ်ကို ဆွဲခေါ်ပြီးထွက်သွားတယ်၊ တံခါးကလဲ ချပ်ခနဲ ပြန်ပိတ်သွားခဲ့တယ်။

ဝမ်ရိပေါ်ကတော့ နံရံမှာ စိတ်ပျက်လက်ပျက်နဲ့မှီနေရင်း ကိုယ့်နဖူးကိုယ်သာ နာနာလေးရိုက်လိုက်မိတော့တယ်။

.....................

မြောက်ပိုင်းမှာနေတုန်းက ဝမ်ရိပေါ်ရှောင်းကျန့်ကို အကြာကြီးမုန်းနေခဲ့တာကလဲ အမှန်ပါပဲ။

ရှောင်းကျန့်ဆိုတဲ့နာမည်နဲ့ ခွဲမြင်လို့မရတဲ့ အချစ်ဦးဆိုတဲ့စာလုံးက ဝမ်အိမ်အတွက် နားဝင်မချိုတဲ့စကား ဖြစ်ခဲ့တယ်၊ ဝမ်ပါးမားတို့ဘက်ကလဲ ထုတ်မပြောခဲ့သလို၊ ဝမ်ရိပေါ်ဘက်ကလဲ မေ့ပျောက်နိုင်ဖို့ မနည်းကြိုးစားရတယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now