Part - 27

8.7K 1.1K 114
                                    

၂၇။ အရုဏ်တက်ချိန်။

တချို့လူတွေက လက်ထပ်တာကို စီးပွားရေးတစ်ခုလို့မြင်ကြတယ်၊ တချို့ကတော့ ပြန်လည်ဝင်စားခြင်းတဲ့။

အများစုကတော့ ရှောင်းကျန့်ကို ပြန်လည်မွေးဖွားလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။

ဝမ်ရိပေါ်လက်ထပ်မဲ့ကိစ္စက ရုတ်တရက်ဆန်လွန်းတာကြောင့် တော်တော်များများက မယုံနိုင်ကြဘူး။

အားလုံးက ဝမ်ရိပေါ်ကိုစနောက်နေတယ်လို့ပဲ ထင်နေကြတယ်၊ သူများတင်မဟုတ်ဘူး၊ ဝမ်ရိပေါ် ကိုယ်တိုင်တောင်မှ ရှေ့နေဆီကနေ ထိမ်းမြားလက်ထပ်ခွင့်သဘောတူစာချုပ် လက်ထဲရောက်လာတဲ့အချိန်မှာ လက်တွေ့ကိုယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေခဲ့တာ။

သူတကယ်ပဲလက်ထပ်ရတော့မှာလား။

ရှောင်းကျန့်နဲ့ လက်ထပ်ခွင့်ရတော့မှာပေါ့။

တကယ်တော့ အိပ်မက်မက်နေတာ မဟုတ်ဘဲ၊ အိပ်မက်ကနေ လန့်နိုးလာတာပါ။

ရှောင်းကျန့်ဘက်က ခေါင်းမငြိမ့်သေးဘဲ၊ လက်ထပ်ဖို့ကိစ္စကို ဝမ်ရိပေါ်ဘက်က တစ်ဖတ်သတ် ကြေညာမောင်းလိုက်ခတ်နေမိတယ်၊ ဝမ်ရိပေါ်ပုံစံက ရယ်စရာကောင်းပေမဲ့ လက်တွေ့မှာတော့ ဝမ်ရိပေါ်မှာပြုံးတောင်မပြုံးနိုင်ပါဘူး။

အသိပေးသင့်တဲ့လူတွေအကုန်လုံးကို ဝမ်ရိပေါ်ကိုယ်တိုင် အသိပေးပြီးပြီမို့ အထမြောက်ဖို့အတွက် ရှောင်းကျန့် လက်ဗွေနှိပ်လိုက်ရုံပဲ ကျန်တော့တာ။

မိဖုရားသာ့ကျိက နောက်ဆုံးတော့ နန်းတွင်းထဲတကယ်ရောက်လာပြီဆိုပြီး ဌာနကလူတွေကတော့ မကျေမနပ် ပြောချင်နေကြတုန်းပဲ၊ ဒါပေမဲ့ ခေါင်းဆောင်ဝမ်ကတော့ ဒုတိယမြောက် နိုဘယ်ဆုရယောကျ်ားဟောင်းဖြစ်သွားမဲ့ပုံ မပေါ်ပါဘူး။

ဘာလို့ဒီလိုပြောတာလဲဆိုတော့ ရှောင်းကျန့်မတိုင်ခင် ဌာနမှာ မိဖုရားသာ့ကျိတစ်ယောက်ရှိခဲ့ဖူးတယ်၊ အဲ့ဒီအမျိုးသမီးကိုယ်တိုင်က ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကျောင်းဆင်းဖြစ်တဲ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာ၊ ပိုင်းလော့ စသဖြင့် ယောကျ်ားတွေ တစ်ယောက်ပြီးတစ်ယောက်ယူထားတာ၊ နောက်ဆုံး ယူလိုက်တဲ့ယောကျ်ားကတော့ နိုင်ငံခြားတက္ကသိုလ်တစ်ခုကနိုဘယ်ဆုရတဲ့ပါမောက္ခပါတဲ့။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now