Part - 32

8.5K 1.1K 99
                                    

၃၂။ ဂလဲ့စား။

လက်ကျန်မြူတွေရှိနေတဲ့ စူးကျိုးရဲ့နွေရာသီပိတ်ရက်က အရင်နှစ်တွေတုန်းကလိုတော့ အပူချိန်မပြင်းထန်ဘူး။

ဆေးရုံတွေသာမက၊ လမ်းထောင့်တွေမှာရှိတဲ့ အမှိုက်ပုံးတွေမှာ အသုံးပြုထားပြီးသား အဖြူရောင်ဂွမ်းလုံးတွေကို ဖောဖောသီသီ မြင်နေရတယ်။

လမ်းသွားလမ်းလာတစ်ယောက်က ဆဲဆိုနေရင်း အမှိုက်ပုံးဆီလျှောက်သွားကာ အဖုံးဖွင့်တဲ့ခြေနင်းကို ခပ်ကြမ်းကြမ်းနင်းချလိုက်တယ်၊ ပြီးတော့ လက်ကဂွမ်းလုံးကိုပုံးထဲ ပစ်ထည့်လိုက်တဲ့မြင်ကွင်းကို ကားပေါ်မှာထိုင်နေရင်း ရှောင်းကျန့်လှမ်းတွေ့လိုက်တယ်။

ဒီလူဘာတွေဆဲဆိုနေလဲဆိုတာကိုတော့ ရှောင်းကျန့်မကြားရဘူး၊ ဒါပေမဲ့ ခန့်မှန်းကြည့်သလောက်တော့ ဝမ်ရိပေါ်ကိုဆဲဆိုနေတာပဲ ဖြစ်နိုင်လောက်တယ်။

Enigma ပေါ်လာတာကြောင့် အရေးပေါ်လိင်အမျိုးအစားစစ်ဆေးတဲ့ ကမ်ပိန်းတွေစလာတယ်၊ မဖြစ်မနေ စစ်ဆေးမှုခံယူဖို့အတွက် တစ်ဘီလီယံမကတဲ့လူတွေဆီကို ဆေးရုံအသီးသီးက ညွှန်ကြားချက်တွေပို့တယ်၊ အသုတ်ပေါင်းများစွာခွဲပြီး စစ်ဆေးမှုလုပ်တာမို့ မြို့တော်တစ်ဝှမ်းမှာ မကျေမနပ်ပြောဆိုသံတွေနဲ့ ပွက်လောရိုက်နေခဲ့တယ်။

ရှောင်းကျန့်က ကားမှန်ကိုချပြီး မူကြိုကျောင်းထဲကို လှမ်းမျှော်ကြည့်တယ်၊ ဝမ်ရိပေါ် ကျောင်းထဲဝင်သွားတာကြာလှပြီ၊ အခုထိရှောင်းကွမ်ကွမ်ကို ခေါ်မလာသေးဘူး၊ ဒါကြောင့် သူနည်းနည်းစိုးရိမ်လာပြီ၊ စိတ်လှုပ်ရှားလာတဲ့အလျောက် ရှောင်းကျန့်ရဲ့ခြေထောက်နှစ်ချောင်းကလဲ တဆတ်ဆတ်လှုပ်လာတယ်။

Enigma ရှာတဲ့ကိစ္စမှာ ဝမ်ရိပေါ်ရဲ့ DNA ကို နမူနာထားပြီး စစ်ဆေးတာမို့၊ ဝမ်ရိပေါ်ပြီးတဲ့နောက် ပထမဆုံးပေါ်ထွက်လာတဲ့ Enigma က ရှောင်းကွမ်ကွမ်ဖြစ်နေခဲ့တယ်၊ ဒါကြောင့် အဖြေထွက်တဲ့နေမှာပဲ မူကြိုက ကွမ်ကွမ်ကို အခန်းခွဲထားပြီး ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ဆီ ကလေးလာခေါ်ဖို့ အကြောင်းကြားလာတယ်။

အထဲမှာဘာတွေဖြစ်နေမှန်း မခန့်မှန်းတတ်တာကြောင့် ရှောင်းကျန့်စိတ်ပူနေတယ်၊ ဒါကြောင့် အထဲကိုလိုက်ဝင်ဖို့ သတ္တိမွေးပြီး အိမ်ကလူတွေကို ရှာဖို့တွေးလိုက်တယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now