Part - 31

8.9K 1.2K 122
                                    

၃၁။ ဟာရီကိန်းရဲ့အလယ်ဗဟိုချက်။

နေ့တိုင်း ရုပ်ရှင်တစ်ကားကြည့်ခိုင်းတာရဲ့အကျိုးကြောင့်လားတော့မသိဘူး၊ ရှောင်းကျန့်အခြေအနေက တိုးတက်မှုရှိလာတယ်ဆိုပြီး Prof ကျိုးက မှတ်ချက်ပေးတယ်။

ဝမ်ရိပေါ်လဲ ဒီလိုပဲတွေးမိတယ်၊ ရှောင်းကျန့်က စကားတစ်လုံးစနှစ်လုံးစတော့ ပြန်ပြောလာတယ်။

"သူကမပြောနိုင်တာမဟုတ်ဘူး.. မပြောချင်တာ"

အမှန်တော့ Prof ကျိုးက ဒီကိစ္စကိုအတော်လေးစိတ်ပူနေတာ။

"ဒီလိုမျိုးကနေ ရက်ကြာရှည်သွားရင် တကယ်မပြောနိုင်တော့မှာစိုးရိမ်ရတာ"

အခုတော့ လည်ချောင်းကလာတဲ့ စကားသံတစ်လုံးနှစ်လုံးထွက်လာပြီမို့ အသံအိုးက အလုပ်ကောင်းကောင်း လုပ်နေသေးတယ်ဆိုပြီး Prof ကျိုးလဲ စိတ်နည်းနည်းအေးသွားတာ။

အိပ်မက်ယောင်ပြီး ဝမ်ရိပေါ်ကို ပန်းတွေနဲ့လက်ထပ်ခွင့်တောင်းရင်း စကားတချို့ပြောခဲ့တာပဲ တကယ်ကံကောင်းတယ်လို့ ဝမ်ရိပေါ်တွေးလိုက်မိတယ်။

မနေ့က သူလုပ်ခဲ့တဲ့ကိစ္စတွေကို ရှောင်းကျန့်သတိရရဲ့လားဆိုတာတော့ ဝမ်ရိပေါ်မသိဘူး၊ မနက်လင်းတာနဲ့ မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ဝမ်ရိပေါ်ကို မသိချင်ယောင်ဆောင်နေတယ်။

ဝမ်ရိပေါ်ကလဲ ထူးပြီးအံ့သြမနေတော့ပါဘူး၊ သူ့တစ်ဘဝလုံး ရှောင်းကျန့်ဆီက ရိုက်ပုတ်ခံပြီးနေသွားဖို့ ဆုံးဖြတ်ထားပြီးသားပဲဟာ၊ ညတွင်းချင်းပြန်အဆင်ပြေသွားဖို့ အိပ်မက်တောင်မက်မထားဘူး။

ဝမ်ရိပေါ်တွေးထားသလိုပါပဲ၊ ရှောင်းကျန့်သူ့ကိုစိတ်ပြန်ဆိုးဖို့က အချိန်အကြာကြီးယူနေစရာ မလိုခဲ့ဘူး၊ အခုတော့ ဘာမှမကွာခြားဘူး၊ အားလုံးက အရင်အတိုင်းပဲ။

...............

ရှောင်းကျန့်အကြောင်းက လူပြောတအားများတာမို့ Prof ကျိုးရဲ့သမီးကျိုးယင်ကလဲ ရှောင်းကျန့်အကြောင်းကို စိတ်ဝင်တစားရှိလာတယ်၊ ကျိုးယင်နဲ့သူ့သားရွှီးသောက်က Asperger ဖြစ်ပေမဲ့ လက်ရှိ Q တက္ကသိုလ်မှာ အလုပ်လုပ်နေကြတဲ့သူတွေပါ။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now