Part 16

8.8K 1.2K 83
                                    

၁၆။ သစ္စာဖောက်တဲ့ခြေသန်းလေး။

ရှောင်းကျန့်ကိုပို့ပြီးတာနဲ့ ဝမ်ရိပေါ်အိမ်ပြန်လာတယ်၊ အဲ့ဒီညက ရှောင်းကျန့်အကြောင်း တစ်ညလုံးတွေးနေမိတာမို့ တစ်ရေးမှ ကောင်းကောင်းအိပ်မရခဲ့ဘူး။

မနေ့ကလိုအခြေအနေမျိုးမှာဆိုရင် ဝမ်ရိပေါ်နဲ့ရှောင်းကျန့်က ဆန့်ကျင်ဘက်တွေပါ။

ရှောင်းကျန့်ကအူရိုင်းလေးမို့ အရက်နည်းနည်းလောက် ဝင်သွားတာနဲ့ မူးတတ်ပေမဲ့၊ ဝမ်ရိပေါ်ကတော့ များများသောက်လေ သူ့အတွေးတွေက ပိုပြီးရှင်းလင်းလာလေပဲ။

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကြားက ဝေဝါးနေတဲ့ဆက်ဆံရေးမှာ အခြေအနေမှန်ကို သေချာသိနေတဲ့သူက ပိုခံစားရဖို့ ကံပါနေတယ်။

နောက်ပြီး ရှောင်းကျန့်က special person မို့ သူလုပ်ချင်တာကို ထိန်းချုပ်စရာမလိုဘဲ လုပ်ခွင့်ရှိတယ်၊ ဝမ်ရိပေါ်ကျတော့ လုပ်လို့မရဘူး၊ ဝမ်ရိပေါ်ရဲ့အသိစိတ်က ရှောင်းကျန့်လိုချင်သလို ထူးဆန်းတဲ့ဆက်ဆံရေးမျိုးကို လက်ခံနိုင်တဲ့အခြေအနေမှာ မရှိဘူး။

ရှောင်းကျန့်က အချစ်ကိုနားမလည်ဘူး၊ ဝမ်ရိပေါ်ကိုလဲ သူငယ်ချင်းလို့ပဲ သတ်မှတ်ထားတာ။

သူငယ်ချင်းဆိုတဲ့ အကာအကွယ်အောက်မှာနေပြီး အရင်လို ရှောင်းကျန့်နဲ့နမ်းတာမျိုး၊ အိပ်တာမျိုးတွေ လုပ်လို့ရနိုင်ပါ့မလား...

တွေးမိတာနဲ့တင် ဝမ်ရိပေါ်ရဲ့ခေါင်းကြီးက ပေါက်ထွက်မတတ် ကိုက်လာတယ်။

မနက်လင်းတဲ့အထိ ဝမ်ရိပေါ်မျက်လုံးတစ်ချက်မှ မမှိတ်လိုက်ရဘူး၊ ဒါပေမဲ့ ပေးခဲ့တဲ့အမိန့်အတိုင်း မနက်ခင်း နှုတ်ဆက်စကားပြောဖို့ ရှောင်းကျန့်ဆီဖုန်းခေါ်လိုက်တယ်။

ရှောင်းကျန့်ကတော့ မနိုးပါဘူး၊ အိမ်ရောက်တာနဲ့ ဆိုဖာပေါ်မှာ မူးပြီးအိပ်ပျော်သွားခဲ့တာ၊ ရှောင်းကွမ်ကွမ် တရေးနိုးရှူးထပေါက်ချိန် သူ့ပါပါးအပြင်မှာအိပ်နေတာမြင်ပြီး လာနှိုးတာတောင် နိုးမနေဘူး။

ဖုန်းမကိုင်တာမို့ တစ်ဖက်ကအခြေအနေကို ဝမ်ရိပေါ်သိလိုက်ပါတယ်၊ ဒါကြောင့်ထပ်မခေါ်တော့ဘဲ၊ စာပို့ထားဖို့လုပ်နေတုန်းမှာ အိမ်ရှေ့တံခါးမကြီးဖွင့်သံကို ကြားလိုက်ရတယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now