Part - 36 [Unicode]

17.2K 1.5K 447
                                    

၃၆။ ကောင်းကင်ပြာပြာ။

ရှောင်းကျန့်က ရှောင်းကွမ်ကွမ်နဲ့အတူ ကျောင်းလိုက်တက်နေရတယ်။

အရွယ်အစား အကြီးနဲ့အသေးသာကွာပြီး ပုံတူလောင်းထားသလိုတူတဲ့လူနှစ်ယောက်က Q တက္ကသိုလ် junior class အတန်းမှာ မြိန့်မြိန့်ကြီး ထိုင်နေကြတယ်။

ဘယ်လိုကနေ ဒီလိုအခြေအနေမျိုးအထိ ရောက်သွားခဲ့တာလဲဆိုတာကို ရှောင်းကျန့်လဲ ပြန်မရှင်းတတ်ဘူး၊ စိတ်ထဲမှာတော့ ဝမ်ရိပေါ်နဲ့ ရှောင်းကွမ်ကွမ်တို့ သားအဖနှစ်ယောက်ပေါင်းပြီး သူ့ကိုညာချလိုက်တာလို့ပဲ ခံစားနေရတယ်။

အတန်းထဲဝင်လာတဲ့ဆရာတိုင်းက သူတို့နှစ်ယောက်ထိုင်နေတဲ့ခုံကို လှမ်းကြည့်ပြီး ပြုံးတုံ့တုံ့ဖြစ်သွားကြတဲ့အခါတိုင်း ရှောင်းကျန့်စိတ်ထဲ ရှက်စရာကောင်းတယ်လို့ ထင်လာတယ်။

English ဆရာပေးတဲ့အိမ်စာကို နားမလည်တာမို့ ဆရာကိုမေးပေးဖို့ ရှောင်းကွမ်ကွမ်ကို အကူအညီတောင်းလိုက်ရချိန်မှာတော့ ရှောင်းကျန့်နှလုံးသားလေးထဲက ဝမ်းနည်းနာကျင်မှုက ဟိုးအမြင့်ဆုံးကို ထိုးတက်သွားပါတော့တယ်။

တကယ်တမ်း ရှောင်းကျန့်ရဲ့မူလရည်ရွယ်ချက်က ရှောင်းကွမ်ကွမ်ကို ကျောင်းပြန်ပို့ပေးမယ်ဆိုပြီး ပြောထားတဲ့ကတိကို တည်ချင်ခဲ့တာတစ်ခုပဲ ရှိခဲ့တာပါ။

..................

လွန်ခဲ့သော ၂လ ခန့်က...

Q တက္ကသိုလ်ရဲ့ junior class level လပတ်သင်္ချာမေးခွန်းအတွက် သင်္ချာဌာနကဆရာတစ်ယောက်က ရှောင်းကျန့်ကို အကူအညီတောင်းလာတယ်။

"ကျောင်းသားတွေမဖြေဖူးတဲ့ ဆရာအသစ်ဆီက မေးခွန်းတစ်စုံလောက်လိုချင်တာပါ.. သူတို့လဲ အပြောင်းအလဲလေး ဖြစ်သွားအောင်ပါ"

ရှောင်းကျန့်ကလဲ မငြင်းပါဘူး၊ ခေါင်းထဲပေါ်လာတဲ့မေးခွန်း ၅ခုကို ဝှိုက်ဘုတ်ပေါ်မှာ ရေးချကာ ဖြေခိုင်းထားပြီး လက်တွေ့စမ်းသပ်ခန်းကို ပြန်လာလိုက်တယ်။

အဲ့ဒီညမှာပဲ င်္သချာဌာနကဆရာဆီကနေ ဖုန်းတွေတသီကြီး ဝင်လာခဲ့တယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now