Part - 12

8.7K 1.3K 145
                                    

၁၂။ တစ်ကိုယ်တော်ပြဇာတ်။

နောက်တစ်နေ့မနက် ၈နာရီလောက်မှာ ချန်ကျုံးဖျင်ဆီကဖုန်းကို ဝမ်ရိပေါ်လက်ခံရခဲ့တယ်။

ရှောင်းကျန့်ဆီက ချစ်တယ်ဆိုပြီးဝန်ခံထားတဲ့အကြောင်းက ခေါင်းထဲမှာ တဝဲလည်လည်ဖြစ်နေ‌သေးတာမို့ ဝမ်ရိပေါ်စိတ်ထဲ မသက်မသာဖြစ်နေရတဲ့အထဲ၊ ချန်ကျုံးဖျင်ကပါ ဆက်သွယ်လာတာမို့ ဝမ်ရိပေါ် နားမလည်နိုင်အောင် ဖြစ်သွားတယ်။

ဖုန်းထဲက ချန်ကျုံးဖျင်အသံကတော့ ခပ်အေးအေးပဲ၊ သူ စူးကျိုးကိုရောက်နေလို့ ဝမ်ရိပေါ်ကိုတွေ့ချင်တယ်ဆိုပြီး ပြောလာတာ။

"မင်းက ရှောင်းကျန့်သူငယ်ချင်းဆို... သူက မင်းအကြောင်းခဏခဏပြောနေတာ"

"ဟုတ်..ဟုတ်ကဲ့ချန်လောင်ရှီး.."

ဒီလိုနဲ့ ဝမ်ရိပေါ်လဲ ပျာပျာသလဲ အဝတ်အစားကောက်လဲပြီး ထွက်လာရတယ်၊ တခြားသူတွေတော့ ဘယ်လိုနေမလဲမသိပေမဲ့ ဝမ်ရိပေါ်ကတော့ အထက်တန်းကျောင်းကဆရာတွေနဲ့တွေ့ရမှာ တကယ်ဝန်လေးတယ်။

ချန်လောင်ရှီးကိုစောင့်နေခိုင်းရမှာ အားနာတာကြောင့် ဝမ်ရိပေါ်ကားကိုအရှိန်တင်လိုက်ပြီး ပြောထားတဲ့ဟိုတယ်လိပ်စာအတိုင်း မောင်းလာမိတယ်။

ဝမ်ရိပေါ်ရောက်တော့ ချန်လောင်ရှီးကရောက်နှင့်နေပြီ၊ အရှေ့မှာတော့ သောက်ရေတစ်ခွက်ပဲချထားတယ်၊ ချန်လောင်ရှီးက ဝင်ထိုင်ဖို့ပြောတာမို့ ဝမ်ရိပေါ်လဲ ရိုရိုကျိုးကျိုးနဲ့ ဝင်ထိုင်လိုက်တယ်။

စိတ်လှုပ်ရှားနေတာကြောင့် ထွက်လာတဲ့ချွေးတွေကိုလဲ အင်္ကျီလက်နဲ့ ခပ်မြန်မြန်သုတ်ချလိုက်တယ်။

"ဘာလို့စိတ်လှုပ်ရှားနေတာလဲ?"

ချန်ကျုံးဖျင် ဝမ်ရိပေါ်ကိုတည့်တည့်ကြည့်ရင်း မေးလာတယ်၊ ပြီးတော့ ရေကိုအာစွတ်ရုံသောက်လိုက်ပြီး။

"အမှားလုပ်ထားတာရှိလို့ ငါ့ကိုကြောက်နေတာလား?"

"ရှောင်းကျန့်ကတော့ မင်းကသူ့ရဲ့သူငယ်ချင်းကောင်းတဲ့"

ထိုင်ခုံလက်ရန်းကို လက်ညိုးနဲ့ စည်းချက်ကျကျခေါက်နေရင်း ချန်ကျုံးဖျင် ဆက်ပြောတယ်၊ မျက်လုံးတွေကတော့ ဝမ်ရိပေါ်မျက်နှာမှာ အပြောင်းအလဲတစ်စုံတရာရှိလာလေမလားဆိုပြီး အသေးစိတ်စောင့်ကြည့်နေတာပါ။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now