Part - 28

7.9K 1.1K 127
                                    

၂၈။ စီရင်ချက်။

မှတ်ပုံတင်ရုံးကို ညစ်ညစ်ပတ်ပတ်နဲ့ သွားနေရမှာစိုးတာကြောင့် ရေချိုးဖို့အတွက် ဝမ်ရိပေါ်က အိမ်ကိုပြန်မောင်းလာတယ်။

ကွမ်ကွမ်က တစ်ယောက်တည်းနေ,နေကျဖြစ်ပေမဲ့လဲ၊ အဖေနှစ်ယောက်လုံး မပြောမဆိုနဲ့ပျောက်သွားတဲ့အခါကျ စိတ်နည်းနည်းတော့ ကောက်သွားတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုပွေ့ချီပြီးခေါ်လာတယ်၊ ဘောင်းဘီကညစ်ပတ်တယ်လို့ ထင်နေတာမို့ ပြန်ဝတ်ပေးတာကို ရှောင်းကျန့်ကလက်မခံဘူး၊ ဒါကြောင့် ဝမ်ရိပေါ်ရဲ့အပေါ်ထပ်ဝတ်နဲ့ပဲ အုပ်ထားပေးရတယ်၊ ဒါကြောင့် အိမ်ပေါ်တက်လာတဲ့အခါ အောက်ဖက်က လေတဖြူးဖြူးဖြစ်နေတယ်။

"ဒယ်ဒီတို့ ဘယ်ကပြန်လာကြတာလဲ"

ကွမ်ကွမ်က နှစ်ယောက်လုံးကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး လိုက်စပ်စုတယ်၊ ပြီးတော့ သူစိတ်ကောက်နေပါတယ်ဆိုတဲ့ပုံစံနဲ့ ဆက်ပြောလာတယ်။

"သားကျတော့မခေါ်ဘူး"

ဝမ်ရိပေါ်က အပျင်းတစ်နေတဲ့ရှောင်းကျန့်ကို ရေချိုးကန်ထဲအထိခေါ်သွားပြီး ရေခပ်နွေးနွေးဖွင့်ချပေးလိုက်တယ်။

"ကွမ်ကွမ်အကြိုက်ဆုံးအင်္ကျီသွားလဲလိုက်သွား..ပြီးရင် ဒယ်ဒီတို့နဲ့အပြင်သွားရအောင်"

ရှောင်းကွမ်ကွမ်က နှုတ်ခမ်းထော်လိုက်ပြီး ရေချိုးခန်းထဲကထွက်သွားတယ်၊ ဒါပေမဲ့ ကျေနပ်ပုံမရဘဲ နောက်ပြန်လှည့်လာပြီး ထပ်မေးပြန်တယ်။

"ဒယ်ဒီတို့ အပြင်မှာဘာသွားလုပ်ကြတာလဲ"

ဝမ်ရိပေါ်က ညစ်ပတ်နေတဲ့အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲပစ်ထည့်နေတယ်၊ တစ်ခုခုမှ မပြောပြရင် ကွမ်ကွမ်ကပြီးမှာ မဟုတ်မှန်းသိနေတာမို့။

"ရေသွားကူးတာ"

ဝမ်ရိပေါ်ခဏစဉ်းစားလိုက်ပြီး။

"ဟိုးဘက်ကမြစ်ထဲမှာ.. ဒီနဲ့အရမ်းဝေးတယ်"

ဒါပေမဲ့ ရှောင်းကွမ်ကွမ်ကတော့ ယုံတဲ့ပုံမပေါ်ပါဘူး။

"နောက်တစ်ခါ သားကိုလဲခေါ်သွား"

ဝမ်ရိပေါ်လဲ ဘာပြန်ပြောရမှန်းမသိဘဲ အင်္ကျီသွားလဲဖို့ပဲ အမူအယာလုပ်ပြလိုက်တယ်၊ ကွမ်ကွမ်က ပွစိပွစိပြောရင်း ရေချိုးခန်းထဲကထွက်သွားတယ်။

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now