Part - 21

8.8K 1.1K 99
                                    

၂၁။ မကောင်းဆိုးဝါး။

စိတ်နဲ့လူနဲ့ကပ်ပုံမရဘဲ အသေကောင်လိုသွားလာလှုပ်ရှားနေတဲ့ ဝမ်ရိပေါ်ပုံစံက ထင်ထားတာထက် ပိုကြာနေခဲ့တယ်။

အပြင်လူတွေမသိနိုင်ပေမဲ့ ရှောင်းကျန့်ကတော့ တစ်ခုခုမှားနေမှန်း ကောင်းကောင်းသတိထားမိတယ်။

ဝမ်ရိပေါ်က နေ့တိုင်းမနက်အစောကြီးထပြီး အပေါ်ထပ်တက်လာတယ်၊ ပြီးတော့ရှောင်းကွမ်ကွမ်ရဲ့နံနက်ခင်း ဝေရာဝစ္စတွေလုပ်ပေးပြီး မူကြိုလိုက်ပို့တယ်။

အလုပ်သွားချိန်လဲမသွားဘဲ မူကြိုအရှေ့မှာ ကားရပ်ထားပြီး အထဲမှာကစားနေတဲ့ရှောင်းကွမ်ကွမ်ကို ထိုင်ကြည့်နေတယ်။

အခုလဲ မူကြိုရဲ့ခြံစည်းရိုးအပြင်မှာ ဆောင့်ကြောင့်လေးထိုင်နေပြီး ကွမ်ကွမ်ကို ချောင်းကြည့်နေတာပါ၊ ဒါလောက်ကြီးကျ ပုံမှန်မဟုတ်တော့ဘူးလို့ ရှောင်းကျန့်ထင်လာတယ်။

ဝမ်ရိပေါ်ပုံစံက ရေလောင်းမဲ့သူမရှိ၊ ဂရုစိုက်မဲ့သူမရှိဘဲ၊ ခြံစည်းရိုးမှာတွယ်ကပ်နေရတဲ့ နွယ်ပင်တွေထက်တောင် ညိုးရော်နေသေးတယ်။

"ဒီမှာထိုင်ပြီးဘာလုပ်နေတာလဲ"

အသံလာရာကို ဝမ်ရိပေါ်မော့ကြည့်လိုက်တော့ ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်၊ လက်ထဲမှာတော့ စားလက်စ Oreo ကိတ်မုန့်ရှိနေတယ်။

စိတ်လိုလက်ရ အပြင်ထွက်လာပြီး ဘေးမှာဝင်ထိုင်လိုက်တဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်အံ့သြသွားတယ်၊ ရှောင်းကျန့်က ဝမ်ရိပေါ်အနားကပ်ထိုင်လိုက်ပြီး။

"ဒါရိုက်တာချန်ကပြောတယ်..ငါပါတဲ့ episode က အကြမ်းတည်းဖြတ်တာပြီးသွားပြီတဲ့.. ကြည့်လို့ရအောင် မင်းဆီပို့ထားတာ.. အဲ့ဒါမင်းက စာမပြန်လို့တဲ့.. "

"မင်းဆီကိုမရောက်တာလား"

"အာ"

ဝမ်ရိပေါ်က မျက်နှာကိုလက်နဲ့ပွတ်သပ်ကာ ရှောင်းကျန့်ပြောတာကို အာရုံပြန်စိုက်တယ်၊ လတ်တလောအခြေအနေအရ email စစ်ဖို့အတွက် ဝမ်ရိပေါ်မှာ အခြေအနေမပေးဘူးလေ။

"ပြန်ရောက်တာနဲ့ကြည့်ပြီး အဆင်ပြေရင် အကြောင်းပြန်ပေးလိုက်မယ်"

Drowning Paper Aeroplane [溺水的纸飞机] Where stories live. Discover now