ပြီးခဲ့ပြီ ။ အတိတ်နေ့ရက်တွေ ။
ကြုံခဲ့ရတဲ့အချိန်တွေတလျှောက် နာကျင်မူတွေ အတ္တ၊ မာန၊ သောကတွေကြား ရှင်သန်ခဲ့ရသော မားမားကိုကြည့်ပြီးသံဝေဂတွေ ရမိသည်။
ဟန်သာအိမ်ကြီးရှင်သခင်မ တိုင်းတစ်ပါးသူ ၊ ဘာသာခြားသူလေးက အပူပိုင်းဒေသကိုအချစ်နောက်လိုက်ပါလာရင် သားနှစ်ယောက်ဖြင့်ပျော်မွေ့ရာကနေ စခဲ့သော သားကိုချစ်သော မိခင်တစ်ယောက်၏ လွဲမှားခြင်းအတ္တ။
သားကြီးကိုစေတနာယိုဖိတ်စင်ပြီး ငါမှန်တယ်အစွဲပြုလို့ ရှေ့သို့လှမ်းတက်တိုင်း သားအမိချစ်ခြင်းတွေ လျော့ကျစေတာကို မသိဘဲ တစ်လှမ်းထက် တစ်လှမ်း ၊ တစ်ဆင့်ထက်တစ်ဆင့်တက်ခဲ့ရင်းကရခဲ့သော ရင်ကွဲနာတွေက သားကြီးရဲ့ စွန့်လွတ်ခဲ့ခြင်းကို ပိုင်ဆိုင်ရပြန်တဲ့ မားမား။
မှောက်မှားတက်တဲ့ မောဟ အသိဉာဏ်တွေ၊ သားအပေါ်ထားခဲ့တဲ့ မိခင်ချစ်ခြင်းအတ္တအမှားတွေကြောင့် အမှား၊ အမှန် ကို သတိမပြုမိတော့ပဲ ခေတ်ပညာတက်လူငယ်ဖြစ်ပါရက် အတ္တမာနကိုရှေ့တန်းတင်ပြီး မလုပ်သင့်တာကို လုပ်မိသောကြောင့် မဖြစ်သင့်ပဲ ဖြစ်ခဲ့ကြတဲ့ ဇာတ်လမ်းရဲ့အဆုံးသတ်က ပူလောင်ဆင်းရဲခြင်း သောကကိုသာ ပွေ့ပိုက်ရပြန်တယ်။
အမှားကိုအမှား မှန်းသိလို့ ကျူးလွန်ဖူးခဲ့တဲ့ လုပ်ရပ်တွေကိုပြန်လည်ပြင်ပြုဖို့ကြိုးစားရင်း အတိတ်နေ့.ရက်တွေကို တစ်ခါတွေးတိုင်းမျက်နှာ မဖော်ရဲလောက်အောင် သိမ်ငယ်ရခြင်းတွေကြားက မိမိမှားယွင်းခဲ့သော တစ်ခဏအမှားက တစ်ဘဝစာသေရာပါစေသည့်နာကျင်နောင်တမျိုး။
ပြီးခဲ့ပြီ ဆိုပေမယ့် လွန်ခဲ့တဲ့ ခုနှစ်သက္ကရာဇ်ကိုမြင်တိုင်း သူလေးရှေ့ မတ်ရပ်ရပ်ဖို့ ခွန်အားမဲ့ ခဲ့ပြီ။
လွဲမှားခြင်းက ကိုယ့်မိသားစုက စတင်သည်မို့ ဘယ်အချိန်မှ ဖျောက်ဖျက်မရတဲ့ အားနာရခြင်း သောကက ရင်ထဲက အစိုင်အခဲအဖြစ် ပမာဏကြီးစွာ တည်ရှိနေပြန်သေးသည်။
ခွင့်လွတ်ပေးသူက ကမ်းတဲ့လက်တွေမှာ ကိုယ်တိုင်အမှားလုပ်တဲ့ အမှားတွေမို့ ကမ်းလက်တွေကို သိမ်ငယ်စွာဖြင့်အမြဲငေးနေရသည့် အချိန်လွန်နောင်တ။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...