-7-

1.3K 181 8
                                    

Unicode

"ဒီနေ့ ဖိုးသားကို နှစ်ချိန်ဆက်ဝင်ပေးမှာမို့လို့ သားအိမ်ပြန်နောက်ကျမယ် မေမေ"

ပန်းပင်ရေလောင်းနေသည့်မေမေ့ကိုကပ်ပြောခဲ့ပြီး စက်ဘီးတစ်စီးနှင့် လွင်ပြင်ထွက်လာခဲ့သည် ။

အနောက်ကနေ "အပြန်လမ်းကြုံရင်မုန့်ဝယ်ခဲ့ ကိုကို" ဟူသည့် ညီမလေးတွေအသံကိုလဲ တစ်စွန်းတစ်စကြားလိုက်ရပါသေး၏ ။

ညနေလေးနာရီဟူသည့်အချိန်က အရမ်းနောက်မကျသေးပေမယ့် အုံ့မှိုင်းနေသည့်ရာသီဥတုကြောင့် အလင်းရောင်ကောင်းကောင်းရှိမနေခဲ့ပါ ။

ထီးဆောင်းလေ့မရှိသည့်လွင်ပြင်က မိုးရွာလာခဲ့လျှင်ဟူသည့်အတွေးနှင့် မိုးကာအပြာလေးကို စက်ဘီးရှေ့ခြင်းထဲထည့်လာမိသေးသည် ။

လမ်းတစ်လျှောက်မျက်မှန်းတမ်းမိသူမိတ်ဆွေများက လွင်ပြင့်ကို ပိုပိုသာသာနှုတ်ဆက်ကြသည် ။
နောက်ပါးဆီမှကျန်ခဲ့သောတီးတိုးပြောသံများက မိမိအကြောင်းပဲဖြစ်နိုင်သည်ဟုစိတ်ထဲတွေးမိသော် လွင်ပြင့်နှုတ်ခမ်းလေးများက အထိန်းအကွပ်မရှိကော့ညွတ်လာကြတော့သည် ။

လွန်ခဲ့သည့်အပတ်က လွင်ပြင်တို့ ဆယ်တန်းအောင်စာရင်းထွက်၏ ။

ထင်မှတ်မထားစွာနှင့်ပင် လွင်ပြင်ကကြိုးဟူသည့်အမည်ဘေးတွင် ဂုဏ်ထူးခြောက်ဘာသာပါရုံတင်မကဘဲ မြန်မာတစ်နိုင်ငံလုံး top 6 ဟူသည့်နေရာပင်ရခဲ့သေးသည် ။

ထိုနေ့က လွင်ပြင် ပျော်လွန်း၍ မျက်ရည်ပင်ကျမိသည် ။ လွင်ပြင်တင်မက တစ်အိမ်လုံးမျက်ရည်ကျကြသည့်နေ့ပင်ဖြစ်သည် ။

လွင်ပြင့်သတင်းက တစ်မြို့လုံးကို လျင်လျင်မြန်မြန်ပဲပျံ့နှံ့သွားခဲ့တာကြောင့် နေ့ချင်းညချင်း လွင်ပြင့်ထံဂိုက်သင်ပေးဖို့တောင်းဆိုလာသည့်မိဘတွေငါးယောက်ထပ်မနည်းရောက်လာခဲ့လေ၏ ။

အခု လွင်ပြင်သွားနေသည့်နေရာကလဲ လွန်ခဲ့သည့်အပတ်ကမှ လွင်ပြင့်ထံအကူအညီလာတောင်းထားသော ဆယ်တန်းကျောင်းသားတစ်ယောက်၏အိမ်ဖြစ်သည် ။

ဆယ့်ငါးမိနစ်မျှသာကြာသောအချိန်၌ အဝါနုရောင်သုတ်ထားသည့်ခြံစည်းရိုးရှေ့တည့်တည့်တွင် လွင်ပြင့်စက်ဘီးအပြာလေးကရပ်တန့်သွားသည် ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now