-18-

1.1K 165 3
                                    

Unicode




"ငါအပြင်သွားမလို့ ဘာမှာဦးမလဲ?"

အခန်းထဲကနေ လေတချွန်ချွန်နဲ့ထွက်လာတဲ့ဒေးက သူမတူသောကြည့်ကောင်းခြင်းတွေနှင့် ။

မနေ့ကမှပုံသွင်းထားသည့်ဆံပင်အကောက်တွေက နဖူးထက်ခပ်ဝဲဝဲကျနေပြီး မျက်ခုံးအစပ်ကမှည့်နက်လေးကိုတောင်ဖုံးချင်သည့်ဟန် ။

"ဘယ်သွားမလို့လဲ?"

"Date"

လွင်ပြင်မျက်မှောင်ကျုံ့မိသွားသည် ။

ဒေး သူ့ရည်းစားနဲ့ပြတ်သွားတာ အလွန်ဆုံးရှိမှ နှစ်ပတ်လောက်ပဲရှိဦးမည် ။ အခု နောက်တစ်ယောက်တွေ့သွားပြီတဲ့လား ။

တီရှပ်အပြာဖျော့ကို စတိုင်ဘောင်းဘီအနက်နဲ့တွဲဝတ်ထားသည့်ဒေးကတော့ တက်တက်ကြွကြွနှင့် ဖိနပ်အသစ်တွေပါထုတ်စီးနေ၏ ။

ခါတိုင်းပတ်လေ့မရှိတဲ့ ဒိုင်ခွက်ခပ်ကြီးကြီးနာရီတစ်လုံးပါဝတ်ထားသည့်ဒေးက လူကြီးလူကောင်းဆန်ဆန်သန့်ပြန့်နေတော့သည် ။

"မင်း စာမေးပွဲနီးပြီနော် ဒေး ။ ဒီရက်ပိုင်းစာရောလုပ်ရဲ့လား?"

"စာက အေးဆေးပါ ။ မင်းတစ်ယောက်လုံးရှိတာကို  ဘာပူရမှာလဲ"

ဒေးက ခပ်မြူးမြူးဆိုရင်း ကျီစားသလိုမျက်လုံးတစ်ဖက်ပါမှိတ်ပြသွားသေးသည် ။

"စောစောတော့ပြန်ခဲ့ ။ မင်းကိုရှင်းပြရင်း ကျန်တဲ့စာတွေငါဒီညလုပ်မှာမို့လို့"

"အိုကေ"

တားခွင့်မရှိတဲ့အဆုံး လွင်ပြင် ခပ်စောစောပြန်လာဖို့သာတောင်းဆိုနိုင်ခဲ့သည် ။

ဒေးထွက်သွားတော့ ဝရံတာပေါ်ကနေ လွင်ပြင်မသိမသာလိုက်ကြည့်မိသေးသည် ။ ဒေးက တကယ်ကိုပဲ အဝေးကကြည့်ရင်တောင် တပ်မက်စရာကောင်းလွန်းသည့်ရုပ်ခံမျိုးရှိသူဖြစ်သည် ။

အများထက် ထင်းထွက်နေသည့်အရပ်ကြီးကတော့ လူအာရုံစိုက်စရာအကောင်းဆုံးအချက်ဖြစ်မည်ထင်၏ ။

ဒေးနဲ့ စတွေ့တွေ့ချင်းတုန်းကအချိန်ကို လွင်ပြင်မှတ်မိပါသေးသည် ။ ထိုအချိန် ခြောက်တန်းနှစ်အရွယ်တုန်းက  လွင်ပြင်က အရပ်ရှည်သည့်အထဲပါသည် ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now