-24-

1.4K 197 30
                                    

Unicode




"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ ...."

အော်ပရေတာမှအမျိုးသမီးသံကိုထပ်ကြားရတော့ မချိတင်ကဲဖြစ်စွာကျစ်စုတ်လိုက်မိသည် ။

ခေါ်ဆိုသူနေရာမှာရှိနေသည်က 'လွင်ပြင်ကကြိုး'ဆိုသည့်နာမည် ။ ထိုနာမည်ဘေးမှာ သူခေါ်ဆိုထားသည့်အကြိမ်ပေါင်း ၃၀ ထပ်မနည်းရှိနေခဲ့သည် ။ သို့ပေမယ့် ဟိုဘက်ကနေ တစ်ကြိမ်မျှဖြေကြားခြင်းမရှိခဲ့ပါ ။

မနေ့က မိမိရှေ့မှာ နာနာကျင်ကျင်ရေရွတ်သွားခဲ့သူက တစ်ညလုံးအိမ်ပြန်မလာခဲ့ပေ ။

အိမ်တံခါးပိတ်ဖို့စောင့်နေခဲ့ပေမယ့် တစ်ညလုံး လွင်ပြင့်အရိပ်အယောင်တောင်ပေါ်မလာခဲ့ပါချေ ။

"ဒီနေ့ကစပြီး  မင်းကိုငါ ... တကယ် လက်လျှော့လိုက်ပြီ မကိုဋ်ဒေးမောင်"

ကြေကွဲလှိုက်တက်ဟန်အပြည့်နဲ့ရေရွတ်သွားခဲ့တဲ့သူ့စကားတွေကိုပြန်တွေးမိတော့ စိတ်ထဲဘာကိုအလိုမကျမှန်းမသိ ။

ဒီတစ်မနက်လုံး နီးစပ်ရာသူငယ်ချင်းတွေဆီကိုဖုန်းလိုက်ဆက်ကြည့်ပေမယ့် ဘယ်သူ့ဆီကိုမှလွင်ပြင်မလာခဲ့ဖူးဟုဆိုကြသည် ။

ဒေး တကယ်ခေါင်းရှုပ်နေပြီ ။

တစ်ညလုံးပြန်မလာဘဲနေရအောင် ဒီကောင့်မှာ အသိမိတ်ဆွေအိမ်လဲမရှိပါဘဲနဲ့ ။

မနေ့ညတည်းက တအိအိရွာနေခဲ့တဲ့မိုးက မိုးလင်းထိမရပ်တန့်ခဲ့ပေ ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဆင်းသွားတဲ့ကောင်ကိုစိတ်ပူတာကြောင့် ထီးတစ်ချောင်းနဲ့လိုက်ရှာဖို့ဆုံးဖြတ်လိုက်ခါမှ အိမ်တံခါးကိုခပ်ဖြည်းဖြည်းတွန်းဖွင့်လာတဲ့လွင်ပြင့်ကိုမြင်လိုက်ရ၏ ။

"မင်း ဘယ်တွေသွားနေတာလဲ လွင်ပြင်ကကြိုး! ငါ တစ်ညလုံးမင်းကိုဖုန်းခေါ်နေတာမတွေ့ဘူးလား!"

စိတ်ပူသည့်အရှိန်နှင့်အော်လိုက်ပြီးခါမှ လွင်ပြင့်မျက်နှာကိုသေချာကြည့်မိသည် ။

ဖောင်းအစ်နေသည့်မျက်ခွံတွေက အချိန်အတန်ကြာငိုထားခဲ့ကြောင်းပြနေပါသလို ။ အသားဖြူသည့်လူမို့လို့ မျက်လုံးတစ်ဝိုက်ရဲတွတ်နေပုံက ကြည့်ရသူပင် စိတ်မချမ်းမြေ့ချင်စရာ ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now