-16-

1.1K 173 19
                                    

Unicode




"ဆေးကျောင်းသားအကိုကြီးကိုကြိုက်လို့"

"ဟဲ့ တိုးတိုး"

"မဒီက ဆေးကျောင်းသားအကိုကြီးကိုကြိုက်လို့တဲ့"

စာသင်ပေးနေကျ ညနေပိုင်းကျူရှင်ဝိုင်းက လွင်ပြင်ထွက်သွားသည်နှင့် မသိမသာအော်ဟစ်လာကြသည့်ကျောင်းသားတွေကြောင့် လွင်ပြင်ခေါင်းခါမိပါသည် ။

မဒီဆိုသည့်ကျောင်းသူလေးကို လွင်ပြင် သေချာရှင်းပြထားပြီးသားဖြစ်၏ ။

မိမိနဲ့တစ်နှစ်ကျော်လောက်သာကွာသည့်အသက်အရွယ်မို့ စိတ်ကစားသည့်အရွယ်ဟုလဲ လွင်ပြင်မဆိုချင်ပါ ။

မိမိတုန်းကဆို မကိုဋ်ဒေးမောင်ကို အသေရရ အရှင်ရရ ကြိုက်ခဲ့သည်ပဲ ။ အခုလဲ ထိုအချက်ကပြောင်းလဲသွားခြင်းမရှိသေးတာမို့ အသက်အရွယ်နဲ့အချစ်ရေးစိတ်ကစားမှုကိုတိုင်းတာခြင်းက အပြည့်အဝမမှန်နိုင်ဟု လွင်ပြင်ယုံကြည်သည် ။

"ညီမ ဒီနှစ်ဆယ်တန်းကို ဂုဏ်ထူးအကုန်ပါအောင်လုပ်ပါ့မယ် ။ အကို ညီမကို နည်းနည်းလောက်ပဲ စဉ်းစားပေးလို့မရဘူးလား ။ ညီမ အကို့ဆေးကျောင်းကို ရောက်အောင်လာခဲ့မယ်လေ"

"ညီမဖြစ်ချင်တဲ့ရည်မှန်းချက်အတိုင်းပဲ မေဂျာရွေး ။ ဆေးကျောင်းက တကယ်ဝါသနာမပါရင် ရေရှည်အဆင်မပြေနိုင်ဘူး ။ အကို ဒါကိုတော့ တကယ်စိတ်ရင်းနဲ့အကြံပေးတာ"

"တကယ်ကြီး ငြင်းပစ်တာပဲ အကိုက"

မျက်နှာငယ်နဲ့ပြောလာတဲ့မဒီ့ကိုသနားပေမယ့် လွင်ပြင် သူတစ်ပါးကိုမျှော်လင့်ချက်အတုအယောင်တွေနဲ့ဆွဲမထားရက်ပါ ။

အစက ဒီကျူရှင်ဝိုင်းကိုဆက်မသင်တော့ဖို့တောင်စဉ်းစားမိပေမယ့် ဆယ်တန်းစာမေးပွဲကြီးနီးနေပြီဖြစ်တာကြောင့် လွင်ပြင် ဒီကလေးတွေကိုပစ်ပစ်ခါခါမထားရက်ပြန် ။

သို့ပေမယ့် လွင်ပြင့်အပေါ် မျှော်လင့်ချက်မထားဖို့တော့ သေချာရှင်းပြထားပါ၏ ။

ကိုယ်တိုင်လဲ မဖြစ်နိုင်သည့်အချစ်တစ်ခုကို ရူးရူးမိုက်မိုက်ကိုးကွယ်နေမိသူဖြစ်တာကြောင့် မိမိလို သနားစရာကောင်းသည့်အဖြစ်မျိုး ဘယ်သူ့ကိုမှထပ်မမြင်ချင်တော့၍ဖြစ်သည် ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now