-28-

1.9K 212 31
                                    

Unicode


ကားမှန်ပြတင်းပေါက်ကို တဖြောက်ဖြောက်လွင့်စင်လာတဲ့မိုးစက်တွေကို ဒေးထွေထွေရီရီငေးနေမိ၏ ။

အုံ့အုံ့ဆိုင်းဆိုင်းရာသီဥတုက အခန်းထဲမှာကော်ဖီတစ်ခွက်နှင့်ဇိမ်ခံနေဖို့သာကောင်းတော့သည် ။

တစ်ချက်တစ်ချက်လက်ခနဲဖြစ်သွားတဲ့ကောင်းကင်ကြီးကိုကြည့်ရင်း ဒေးအကြောင်းမဲ့ပြုံးလိုက်သည် ။

သည်လိုရာသီဥတုမျိုးကို လွင်ပြင်ကသဘောကျသည်တဲ့လား?

မှိုင်းညို့သော ။ အထီးကျန်ဆန်သော ။ အစိုးမရသော ။

"ဘာလိုကောင်လေးမှန်းကိုမသိဘူး"

ကားအဲယားကွန်းလေအေးစက်ကိုအနည်းငယ်ချိန်လိုက်ရင်း ဒေးတီးတိုးရေရွတ်လိုက်သည် ။

ဘာလိုလိုနဲ့ မိုးရာသီတောင် တစ်ကျော့ပြန်ရောက်လာခဲ့ပြီ ။

တိတိကျကျပြောရရင် မနှစ်တုန်းက ဒီလိုအချိန်မှာတင် ဒေးနဲ့လွင်ပြင့်ဆက်ဆံရေး စတင်ပျက်စီးသွားခဲ့တာဖြစ်၏ ။ အခုဆို တစ်နှစ်နီးပါးရှိခဲ့ပြီ ။

တစ်နှစ်ဆိုတဲ့အချိန်တွင်း ဒေး လွင်ပြင့်အပေါ်အမြင်တွေပြောင်းခဲ့သည် ။ ခံစားချက်တစ်ချို့အရောင်ပြောင်းခဲ့သည် ။

အနည်းငယ်နောက်ကျခဲ့သည်ဆိုပေမယ့် လုံလုံလောက်လောက်ကြိုးစားခွင့်ရှိသေးသည်ဟု ဒေးထင်ပါ၏ ။

"တီ..တီ.."

ကားမောင်းနေတုန်းမြည်လာသည့်ဖုန်းကို bluetooth နဲ့ချိတ်လိုက်ပြီးမှ ဒေးပြန်ဖြေလိုက်သည် ။ တစ်ဖက်ကဖုန်းထဲမှာ တဟေးဟေးဆူညံသံတွေကြားရပြီး ပွဲကောင်းနေကြပုံပင် ။ ဒေးကို အခုထိမလာသေးဘူးလားလှမ်းမေးနေကြ၍ ရောက်တော့မည်ဖြစ်ကြောင်းအကြောင်းပြန်ရသေးသည် ။

အိမ်ကထွက်လာတည်းက ချိန်းထားတဲ့အချိန်ထက်အနည်းငယ်နောက်ကျနေပြီမှန်း ဒေးသိသည် ။ သို့ပေမယ့် လွင်ပြင့်အတွက် ဆိတ်ရိုးစွပ်ပြုတ်ချက်နေတာအပြီးသတ်နေ၍ ရေချိုးနောက်ကျသွားခြင်းသာ ။

ပူပူနွေးနွေးခူးခပ်ပြင်ဆင်ပေးထားတဲ့ဟင်းတစ်ခွက်ကို ထမင်းစားပွဲပေါ်သေချာတင်ခဲ့ပြီးမှ ဒေးအိမ်ကထွက်ခဲ့မိသည် ။ ဒီညနေအိမ်အပြန်နောက်ကျမည်ဖြစ်တာကြောင့် လွင်ပြင့်ကို ဖြစ်သလိုညစာမစားစေချင်သည့်စေတနာနှင့် အပင်ပန်းခံခဲ့မိ၏ ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now