-31-

900 122 10
                                    

Unicode


*ကိုယ့်ကိုယ်ကိုယ် နေနိုင်ပြီလို့ အထင်မှားမိတဲ့နောက်ထပ်နေ့ရက်တစ်ရက် ။

ငါ တကယ် မင်းကိုလျစ်လျူရှုနိုင်ပြီလို့ခံစားမိတိုင်း တစ်ခုမဟုတ်တစ်ခုငါ့အာရုံထဲဝင်လာတဲ့မင်းကို ဘယ်လိုပုဒ်မနဲ့တရားစွဲသင့်လဲ ။

မင်းလဲမင်းဘာသာနေသင့်ပြီ ။

ငါလဲ အရင်ကလို အချစ်တစ်ခုတည်းအတွက် သနားဖို့ကောင်းတဲ့ကောင်မဖြစ်ချင်တော့ဘူး*

မှင်အနက်နဲ့ခပ်သော့သော့ရေးချမိတဲ့စကားလုံးတွေထဲမှာ မွန်းကြပ်တွေတွေအကုန်ပါသွားရင်ကောင်းမည် ။

လိမ္မော်ရင့်ရောင်ဒိုင်ယာရီစာအုပ်လေးကိုပိတ်လိုက်ရင်း လွင်ပြင် အကြောင်းမဲ့ပြုံးလိုက်မိ၏ ။

သည်စာအုပ်က သူ ဒေးကိုလက်လျှော့တော့မည်ဟုဆုံးဖြတ်လိုက်သည့်နေ့ကမှ စရေးဖြစ်သည့်စာအုပ်လေးပါပင် ။

စာအုပ်အဖုံးအရောင်ရွေးချယ်မှုက တိုက်ဆိုင်မှုသက်သက်ပါဟု ကိုယ့်ကိုယ်ကိုယ်ဖြေရှင်းချက်ပေးထားမိတာ အနည်းငယ်တော့ရယ်ရပါ၏ ။

အခုဆို သည်စာအုပ်ပင်ကုန်တော့မည် ။
ထူးဆန်းစွာနှင့်ပင် စာမျက်နှာတိုင်းနီးပါး၌ သူ့နာမည်ကိုတစ်ခေါက်လောက်တော့ရေးဖြစ်နေကြောင်း နောက်ပိုင်းမှသတိထားမိခဲ့သည် ။

"ငါလဲ ဝဋ်ကြွေးလိုပဲ"

ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်လိုက်ရင်း ထိုစာအုပ်ကို စားပွဲအံဆွဲထဲသော့ခတ်သိမ်းလိုက်၏ ။

ခုနကစာကျက်နေတုန်း မက်ဆေ့ချ်တောက်လျှောက်ဝင်နေသည့်ဖုန်းကိုစစ်ကြည့်မိတော့ ခွန်အောင်မြတ်ကျော်ဆီကစာအချို့ရယ် ၊ group chat ထဲကစာအချို့ရယ် တန်းစီတက်နေတာမြင်လိုက်ရသည် ။

ထိပ်ဆုံးမှာပေါ်နေတဲ့ ခွန်အောင်မြတ်ကျော်ရဲ့ msg ကိုအရင်စစ်လိုက်တော့ လာမယ့်အပတ်ထဲ သူ့သူငယ်ချင်းမွေးနေ့အတွက် လက်ဆောင်ကူစဉ်းစားခိုင်းနေခြင်းပင် ။

"အဲ့ကောင်က ဖိနပ်စုရတာဝါသနာပါတယ် ။ ငါအဲ့တာပဲပေးရင်ကောင်းမလား"

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now