-15-

1.2K 164 10
                                    

Unicode


"Top6 နင်ဘယ်သူနဲ့ group ဖွဲ့မှာလဲ?"

"ရတယ် ငါက ဘယ်သူနဲ့ဖြစ်ဖြစ်"

"ဆရာတွေကလဲ ဒီတစ်ခေါက်အဆန်းနော် ။ နာမည်မတူတဲ့လူတွေရွေးပြီးဖွဲ့ခိုင်းရတယ်လို့"

Squad ထဲကသူငယ်ချင်းတွေက ဒီတစ်ခေါက် presentation မှာ လွင်ပြင်နှင့်တူတူ group မဖွဲ့ရ၍ တသသပြောမဆုံးဖြစ်နေကြသည် ။

ပုံမှန်ဆို အားလုံးထက် စာပိုရတဲ့လွင်ပြင်က group ကိုယ်စားပြုအနေနဲ့ presenter လုပ်ပေးတာများ၏ ။

အခုတစ်ခေါက် presentation ကို ထူးခြားစွာနှင့်ပင် ဆရာတွေက စည်းမျဉ်းပြောင်းခဲ့သည် ။ အရင်လို နာမည်အစအက္ခရာတူသည့်သူငယ်ချင်းတွေချည်းစုလုပ်ခွင့်မပေးဘဲ ကိုယ်နှင့်နာမည်မတူသည့်သူငယ်ချင်းတွေနှင့်သာအုပ်စုဖွဲ့ခိုင်းထားသည် ။

ထိုအထဲမှ အကောင်းဆုံးအဖွဲ့တစ်ဖွဲ့ကို ဆုချီးမြှင့်သည့်အနေနဲ့မုန့်ဖိုး ၁ သိန်းပေးမည်ပြော၏ ။

အနည်းဆုံးတော့မုန့်ဝယ်စားရမည့်အခွင့်အရေးမို့အားလုံးက သူ့ထက်ငါအပြိုင် စာတော်တဲ့လူတွေကို ကိုယ့်အုပ်စုထဲခေါ်ဖို့ အားသန်နေကြတော့သည် ။

"လွင်ပြင် မင်းငါတို့ group ထဲလာကိုလာရမှာနော်"

ဘယ်သူမှလာမပြောခင်တည်းက ဒေးက ဤသို့အတင်းလာခေါ်ခဲ့သည် ။

လွင်ပြင်ကိုယ်တိုင်လဲ ဒေးနဲ့အုပ်စုတူချင်တာကြောင့် ခေါင်းညိတ်လိုက်တော့ ဒေးက သူ့တာဝန်ထားဆိုပြီး နောက်ထပ်စာတော်သည့်သူငယ်ချင်းလေးငါးယောက်လောက်ကိုထပ်မဲဆွယ်နေပြန်သည် ။

သွက်သွက်လက်လက်ရှိသည့်ဒေးက အပေါင်းအသင်းလဲများတာကြောင့် လွင်ပြင်တို့ group က ခပ်မြန်မြန်ပင်လူပြည့်သွားခဲ့သည် ။

ယောကျ်ားလေးတွေချည်းပါတဲ့အုပ်စုဖြစ်တာကြောင့် လူလဲအတော်ညီ၏ ။

ပထမဆုံးရက်မှာတင် အုပ်စုလိုက်အိမ်လိုက်လာကြပြီး စာလာလုပ်ကြတော့သည်အထိပင် ။

"လွင်ပြင် ဒီညငါတို့နှစ်ယောက်ဝယ်ပဲစားလိုက်ရအောင် ။ မင်းချက်မနေနဲ့တော့"

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now