-19-

1.2K 180 11
                                    

Unicode



ဒေးက ဆေးရုံမှာသုံးရက်လောက်နေပြီးမှ ဆင်းခွင့်ရခဲ့သည် ။

ထိုသုံးရက်လုံး လွင်ပြင်က ဒိုင်ခံလူနာစောင့်အဖြစ်ရှိနေပေးပြီး ဒေးမိဘတွေက မနက်တစ်ခေါက် ညနေတစ်ခေါက်လာကြည့်ပေးကြသည် ။

လွင်ပြင်တို့ပဲခူးပြန်မည့်အစီအစဉ်လဲ ဒေးအခုလိုဖြစ်သွားသည်ကြောင့် အလိုလိုဖျက်လိုက်ရတော့သည် ။

"မင်း မိဘတွေကို လွမ်းနေတာမလား?"

ဒေးက အားနာဟန်နဲ့ ဆိုလာတော့ လွင်ပြင့်မှာ သူစိတ်သက်သာရာရစေဖို့လှည့်ပတ်ပြောရသေး၏ ။

မဟုတ်ရင်တောင် ဒီတစ်လလုံး ဘယ်မှမသွားဘဲအိမ်မှာပဲနားတော့မည်ဆိုသည့်ဒေးကို လွင်ပြင်ဒီတိုင်းမထားရက်နိုင်ခဲ့ပါ ။

တစ်ယောက်တည်းရှိသည်ဆိုပြီး ပေပေတေတေနေနေရင် ပိုဆိုးဦးမည် ။

"မင်းသာ အေးဆေးနားပြီး အားပြည့်အောင်လုပ် ။ Final ပြီးရင် အကြာကြီးကျောင်းပိတ်ထားဦးမှာ ။ အဲ့တော့မှ တူတူပြန်ကြတာပေါ့"

လွင်ပြင့်မိဘတွေကိုယ်တိုင်က ဒေး ဆေးရုံတက်ရမှန်းသိတော့ ဒီတစ်လပဲခူးကိုပြန်မလာခိုင်းတော့ချေ ။ "နေမကောင်းတဲ့သူငယ်ချင်းဘေးမှာ အဖော်နေပေးလိုက်ဦး" ဟုပြောလာခါမှ ဒေးက စိတ်သက်သာရာရသွားဟန် ။

"လွင်ပြင်"

"အင်း"

"ငါတို့ တစ်လပိတ်တာ ကားမောင်းသင်ထားကြမလား?"

ကုတင်ပေါ်မှာကျောမှီရင်းပျင်းလာပုံရတဲ့ဒေးက သူ့ဘာသာသူအစီအစဉ်တွေဆွဲနေခဲ့သည် ။

ဒီသုံးရက်အတွင်း နေ့ရောညရောဒေးနဲ့အတူရှိနေပေးရတာကြောင့် နေမကောင်းရင်စကားပိုပြောတတ်သည့် ဒေးအမူအကျင့်အချို့ကို လွင်ပြင်အကျင့်ရနေပြီ ။

"ငါ့မွေးနေ့ရောက်တော့မှာဆိုတော့ မွေးနေ့လက်ဆောင်အနေနဲ့ကားတစ်စီးတောင်းလိုက်မယ် ။ မဟုတ်ရင်တောင် ငါ့ကိုသီးသန့်ကားဝယ်ပေးမယ်လုပ်နေကြတာဆိုတော့ တစ်လက်စတည်းတောင်းလိုက်တော့မယ်"

"ဘယ်သူသင်ပေးမှာလဲ?"

"ကမာရွတ်မှာနေတဲ့ငါ့ဦးလေးတစ်ယောက်ရှိတယ် ။ သူ့ကိုသင်ခိုင်းလို့ရတယ်"

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now