New Year Special

1K 123 21
                                    

Unicode

ကံကြမ္မာရဲ့အလှည့်အပြောင်းတွေ

ပြည့်လာတဲ့ဆုတောင်းတွေ

ပင်ပန်းခဲ့သမျှပြေပျောက်သွားရလောက်တဲ့အထိ ဆတိုးရရှိလာတဲ့ဂရုစိုက်မှုတွေ

မေတ္တာမှန်ရင် အသွားအပြန်ရှိတယ်ဆိုတဲ့စကားတွေကို လွင်ပြင် စယုံကြည်လာမိတဲ့အချိန်တွေ

အရာရာဟာ နစ်ဝင်ချင်စရာကောင်းမနေဘူးလား?

*

"ဒီညအတွက် အကင်တွေဝယ်ထားတယ် ။ အအေးတွေရောပဲ ။ ထမင်းတော့မချက်တော့ဘူး ။ မင်းကြိုက်ရဲ့လား?"

အပြင်ကပြန်လာတဲ့လွင်ပြင့်ကို ဆီးကြိုမေးလာတဲ့စကား ။

ဒေးက မနက်တည်းက တက်တက်ကြွကြွနဲ့ new year ညစာပြင်ဆင်နေခဲ့ခြင်းဖြစ်၏ ။

ဒီတစ်ညတော့ သူနဲ့အတူအချိန်ကုန်ဆုံးပေးပါဆိုပြီးတောင်းဆိုလာတဲ့မျက်ဝန်းတွေကို လွင်ပြင်တကယ်မငြင်းရက်နိုင်ခဲ့ပါ ။

သည်နှစ် new year က ကျောင်းပိတ်ရက်နှင့်ကြုံတာကြောင့် ဒေးက တစ်နေကုန်အိမ်မှာနေရင်း ဘာတွေအလုပ်ရှုပ်နေမှန်းမသိပေ ။ လွင်ပြင်ကတော့ မနက်ခင်းတစ်ပိုင်း 'လ' squad အုပ်စုကြီးနှင့် ဟိုဟိုဒီဒီလျှောက်လည်မိသေးသည် ။

"အယ် နေပါဦး ။ မင်းလက်ထဲကဘာတွေလဲ ။ ဝိုင်တွေဝယ်လာတာလား လွင်ပြင်?"

လဲ့ရည်ဦးရဲ့ပြင်ဦးလွင်အပြန်လက်ဆောင်ထည့်ပေးလိုက်သည့် ဝိုင်ပုလင်းတွေကိုမြင်တော့ ဒေးက အံ့ဩတကြီးမေးလာ၏ ။

လွင်ပြင်ရှည်ရှည်ဝေးဝေးပြောမနေချင်တော့တာကြောင့် သည်တိုင်းခေါင်းသာညိတ်ပြလိုက်မိသည်။ 

"မင်းမသောက်ဖူးဘူးမဟုတ်ဘူးလား ။ ဒီညသောက်မလို့လား?"

"တစ်ခါလောက်စမ်းကြည့်မလားလို့"

"ငါလဲတူတူလိုက်သောက်ပေးမယ်အဲ့ဒါဆို"

လွင်ပြင်ခေါင်းသာညိတ်ပြလိုက်သည် ။ ဒေးက တောက်တောက်ပပပြုံးပြရင်း လွင်ပြင့်လက်ထဲကဝိုင်ပုလင်းတွေကို စားပွဲပေါ်သွားတင်နေ၏ ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now