-8-

1.4K 179 11
                                    

Unicode

"မေမေ သားကိုပြောဖို့မေ့နေတာ ။ ဆရာမထားထားရဲ့သားလဲ ရန်ကုန်မှာဆေးကျောင်းတက်မယ်ပြောလို့ သားအဖော်ရအောင်ဆိုပြီး မေမေချိတ်ပေးလိုက်တာ ။ ဆရာမထားထားတောင် သဘောတွေကျနေသေးတယ် ။ သူ့သားလဲ အဖော်ရတယ်ဆိုပြီး"

ဖုန်းထဲက မေမေပြောတဲ့စကားတွေကြားပြီးတည်းက လွင်ပြင်ပြုံးနေတာ ရပ်တန့်လို့မရခဲ့ပါ ။

အထက်တန်းတစ်လျှောက်လုံးကံခေလာသမျှ အခုမှအတိုးချကံကောင်းနေပုံရသည် ။

နေ့လည်တည်းက ကိုယ့်အခန်းထဲပြန်ဝင်ရင်း ရင်ခုန်သံငြိမ်အောင်လုပ်နေရတာကြောင့် အခုထိသူနှင့်ကောင်းကောင်းမျက်နှာချင်းမဆိုင်ရသေးပေ ။

စတွေ့တွေ့ချင်းအံ့ဩလွန်းတာကြောင့် ကြောင်နနဖြစ်နေခဲ့တဲ့လွင်ပြင်က ဒေးကိုခေါင်းတစ်ချက်ညိတ်ပြပြီးတာနဲ့ အခန်းထဲတန်းဝင်လာမိတာဖြစ်သည် ။

"လွင်ပြင်ကကြိုး"

အခန်းပေါက်ဝက ခေါ်သံသဲ့သဲ့ကြားတော့ လွင်ပြင့်ကျောပြင်မတ်ခနဲဖြစ်သွား၏ ။

အသက်ဝဝတစ်ချက်ရှူလိုက်ရင်း တံခါးသွားဖွင့်လိုက်တော့ ဆံပင်ရေစက်လက်နှင့်ဒေးက လွင်ပြင့်မြင်ကွင်းထဲပေါ်လာသည် ။ ကြည့်ရတာအခုမှရေချိုးပြီးသည့်ပုံ ။

လွင်ပြင်ကြောင်အစွာငေးနေမိတော့ တစ်ဖက်က စကားအရင်စလာခဲ့သည် ။

"ဒီနားမှာ ညစာဝယ်စားဖို့ဆိုင်ရှိလား ။ အိမ်ရှင်အန်တီက မင်းကိုမေးလို့ရတယ်ဆိုလို့"

မေးလာသည့်အသံအနေအထားက ခပ်တည်တည် ခပ်ပြတ်ပြတ် ။  မျက်နှာထားကလဲ ဖော်ဖော်ရွေရွေရှိလှသည်မဟုတ်ပါ ။

သို့ပေမယ့် လွင်ပြင့်ဒူးတွေခွေယိုင်ကျချင်လာသည် ။

ဒီစကားတွေက တွေ့ဆုံခဲ့ဖူးတဲ့နှစ်တွေအတွင်း လွင်ပြင့်မျက်နှာကိုတည့်တည့်ကြည့်ရင်း ဒေးနှုတ်ခမ်းက ပထမဆုံးထွက်လာသည့်စကားများဖြစ်သောကြောင့်ပင် ။

"ငါ ... ညနေတိုင်း ထမင်းချက်စားတယ်"

နေ့လည်ကအတိုင်း မျက်ခုံးထူထူတွေက တစ်ချက်ပင့်တင်သွားတာမြင်ရ၏ ။ ဘာများတုန့်ပြန်မှုထပ်ပေးဦးမလဲလို့စောင့်နေလိုက်ပေမယ့် ဒေးက ဘာမှမပြောလာပါ ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now