-22-

1.3K 175 22
                                    

Unicode




မွေးရပ်မြေကိုပြန်ရ၍ ကျောင်းပိတ်ရက်တွေမှာ အပျော်တွေချည်းပြည့်နှက်မည်လို့ထင်ခဲ့သမျှ သည်ရောက်မှ တက်တက်စင်အောင်လွဲတော့၏ ။

လွင်ပြင်ပြန်ရောက်ပြီး သုံးရက်လောက်အထိ အိမ်မှာအရာရာအဆင်ပြေနေသေးသည် ။

မိသားစုငါးယောက်လုံးထမင်းလက်ဆုံစား ၊ ရယ်မောပြောဆိုကြရင်း မေမေက လွင်ပြင်တို့ကြိုက်သည့်မုန့်အချိုတွေပင်လုပ်ပေးသေးသည် ။

သို့ပေမယ့် ပြဿနာက လေးရက်မြောက်နေ့မှာစသည် ။

ထိုနေ့က ယာယာတို့ကို လွင်ပြင် ညနေပိုင်းကျူရှင်သွားကြိုရသည် ။

လွင်ပြင်မရောက်ခင် ယာယာ့အနားမှာဖြတ်ခနဲမြင်လိုက်ရသည့်ကောင်လေးတစ်ယောက်က လွင်ပြင့်စက်ဘီးလဲနီးကပ်လာရော ချက်ချင်းပျောက်သွားခဲ့၏ ။

အစ်ကိုတစ်ယောက်အနေနဲ့ အနည်းအကျဉ်းရိပ်မိလိုက်ပေမယ့် လွင်ပြင် ထိုတစ်ခဏမသိချင်ယောင်ဆောင်ပေးလိုက်ပါသည် ။

သို့ပေမယ့် ကိစ္စက ထိုမျှနှင့်ရပ်မသွားခဲ့ပါ ။

ထိုညမှာပင် ညီမလေးတို့ကျူရှင်ကဆရာမက မေမေ့ဆီတိုက်ရိုက်ဖုန်းဆက်ပြီး ယာယာ ဒီတစ်ခေါက်ဘာသာစုံအမှတ်နည်းကြောင်းတိုင်တန်းလာခဲ့သည် ။ ညီမလေးကလဲ လွင်ပြင့်လို ဘာသာစုံဂုဏ်ထူးမှန်းထားသည့်ကျောင်းသူမို့ ဒီတစ်ခေါက်အမှတ်ကို အားမရကြောင်း ၊ လိုအပ်တာရှိရင် ကျူရှင်ထပ်ခေါ်သင့်ကြောင်းအကြံပေးသွားတာပင် ။

မေမေက သူများမိဘတွေလို တရားသေဆူပူအော်ငေါက်တာမျိုးမလုပ်တတ်ပါ ။ လေသံအေးအေးဖြင့်သာ နားဝင်အောင်ဆုံးမတတ်သူပင် ။

သို့ပေမယ့် ဖြစ်ချင်တော့ လွင်ပြင့်ကို ယာယာ့လွယ်အိတ်ထဲက ထိုအမှတ်စာရင်းစာရွက်သွားယူခိုင်းခဲ့သည် ။

ထိုတစ်ခဏ လွင်ပြင့်မျက်လုံးထဲဝင်လာသည်က လွယ်အိတ်ဘေးအကန့်ထဲမှာရှိနေသည့် ပန်းနုရောင်စာအိတ်လေးနှင့်ချောကလတ်တွေပင် ။

မေမေမမြင်ခင် ယာယာ့ကိုခေါ်ပြီးမေးမယ်လုပ်တုန်းမှာဘဲ အခန်းထဲလိုက်ဝင်လာသည့်မေမေက လွင်ပြင့်လက်ထဲက ယာယာ့နာမည်နဲ့ရည်းစားစာတွေကိုတွေ့ပြီး ပေါက်ကွဲတော့သည် ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now