-21-

1.2K 181 8
                                    

Unicode



နေ့ရက်တွေက ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့သည် ။

ဒီကြားထဲ လဲ့ရည်ဦးက လွင်ပြင့်ရဲ့အဓိကရင်ဖွင့်ဖော်ဖြစ်လာ၏ ။ ဒေးနှင့်ပတ်သက်ပြီးခံစားရသမျှ ၊ တစ်ခါတစ်လေ ဒေးနှင့်ပတ်သက်ပြီးရင်ခုန်ရသမျှ လွင်ပြင် တတွတ်တွတ်ပြောသည်ကို လဲ့ရည်ဦးက ညည်းညူခြင်းမရှိ နားထောင်ပေးတတ်သည် ။

သို့ပေမယ့် လဲ့ရည်ဦးအမြဲပြောနေကျစကားရှိသည် ။

"Top 6 နင်တစ်ခါလောက်ရဲရဲကြီးရင်ဆိုင်ကြည့်လိုက်ပါလားဟယ် ။ နင်က အခု ရှေ့လဲမတိုး ၊ နောက်လဲမဆုတ်နဲ့ သူ တစ်​ယောက်ပြီးတစ်ယောက်တွဲတာကို ဒီတိုင်းငေးကြည့်နေတာတော့မဟုတ်သေးဘူးလေ"

"ဘာပဲဖြစ်ဖြစ် နင်အရမ်းပင်ပန်းလာပြီထင်တဲ့နေ့ကျရင်တော့ အားလုံးကိုလွှတ်ချခဲ့လိုက်တော့ ။ နင်လဲအချစ်ခံရသင့်တယ် ။ တစ်ဘဝလုံး လူတစ်ယောက်ကိုပဲတစ်ဖက်သတ်ချစ်သွားရမယ်လို့မဟုတ်ဘူးလေ ။ ငါပြောတာသိတယ်မလား"

လွင်ပြင် သူမစကားတွေကို ခေါင်းညိတ်ရင်း ခပ်ယဲ့ယဲ့ပြုံးမိသည် ။

လွင်ပြင်က ရုန်းမထွက်နိုင်ဘူးလို့ လဲ့ရည်ဦးက ထင်မြင်နေတာပင် ။ အမှန်တော့ ထိုသို့မဟုတ် ။ လွင်ပြင်က ရုန်းမထွက်ရက်သေးတာဖြစ်၏ ။

သူ့အပေါ်ဖြစ်တည်လာတဲ့အချစ်က လွယ်လွယ်နှင့်ရခဲ့တာမှမဟုတ်ဘဲ ။ လွင်ပြင် သူနဲ့နီးစပ်ခွင့်ရသမျှနေ့ရက်တွေမှာ အမှတ်တရတွေဖန်တီးထားခဲ့ချင်သည် ။

သို့ပေမယ့် ဒေးကတော့ အရင်အတိုင်းမပြောင်းမလဲ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေခဲ့၏ ။

သူ့မွေးနေ့တုန်းကတွဲသည့်ရည်းစားနှင့်ပြတ်ပြီး နောက်ထပ်ရည်းစားနှစ်ယောက်လောက်ထပ်တွဲဖြစ်လိုက်သေးသည် ။

ဒေးက သူပြောဖူးထားတဲ့အတိုင်း လွင်ပြင်တို့ batch က ရွယ်တူတန်းတွေနဲ့တော့ လုံးဝမတွဲခဲ့ပါ ။

ကြာတော့ လွင်ပြင်လဲ ဒေးရဲ့ရည်းစားများတဲ့အကျင့်ကို လျစ်လျူရှုတတ်လာခဲ့သည် ။

တစ်ချို့ရက်တွေမှာ ဒေးအနားနေခွင့်ရလို့ ကံကြမ္မာကိုကျေးဇူးတင်သည် ။ တစ်ချို့ရက်တွေကျပြန်တော့ ကိုယ့်ကိုယ်ကိုယ်မချိတင်ကဲဖြစ်ရတာတွေလဲရှိသည် ။

ငါ့ကိုမချစ်ဘူး .. Where stories live. Discover now