Ep - 1

1.4K 58 7
                                    

Zawgyi

အဆုံးအစ မမြင်နိုင်တဲ့ ကျယ်ပြောလှတဲ့
သမုဒ္ဒရာကြီးရဲ့အလယ်က
ကျောက်ဆောင်မြင့်တစ်ခု...
ထိုကျောက်ဆောင်ပေါ်မှ
မိုးခြိမ်းသံကိုတောင်ဖုံးလွှမ်းသွားစေ
နိုင်တဲ့ဟိန်းသံကြီးတစ်သံထွက်ပေါ်
လာလေတယ်...

ပိန်ပါးသွယ်လျတဲ့ခန္ဓာကိုယ်လေးကို
ရစ်ပတ်ထားပြီး ထိုလူသားဟာ
သူ့အပိုင်ပါလို့ဟစ်ကြွေးနေသယောင်
လှိုင်းလေထန်တဲ့ မိုးကြီးလေကြီးတွေ
ကိုအံတုရင်း အဆတ်မပြတ်
အော်ကြွေးမြည်တမ်းနေတဲ့
အနက်ရောင်ဧရာမမြွေကြီးတစ်ကောင်...
မြွေကြီးရဲ့ရစ်ပတ်ထားခြင်းခံရတဲ့
လူသားကောင်ငယ်လေးမှာတော့
မြွေကြီးရဲ့ထိုသို့အပြုမူကို
မနှစ်မြို့သဖွယ် မရမှန်းသိနေပေမဲ့လည်း
ရုန်းကန်လှုပ်ရှားမိနေဆဲပါပဲ...

"မဟုတ်ဘူး...ငါကမင်းရဲ့အပိုင်မဟုတ်
ဘူး!...မဟုတ်ဘူး!!!..."

သွေးနီရောင်မွှေ့ယာထက် နီရဲတောက်ပ
တဲ့ခေါင်းအုံးထပ်မှာခေါင်းချမှေးဆတ်
နေတဲ့ ကောင်ငယ်လေးတစ်ယောက်
ဟာဒီနေ့လဲချွေးသံရွှဲရွှဲနဲ့နိုးလာခဲ့ရပြန်
ပြီ...
အိပ်ယာမှဆတ်ခနဲထထိုင်ပြီး
ဝိုင်းစက်နေတဲ့မျက်ဝန်းလေးကို
အလုံးစုံဖွင့်ပြီး ကျီးကန်တောင်မှောက်
ပတ်ကြည့်ပြီးကာမှ သက်ပြင်းငွေ့ငွေ့
ချနိုင်လေတယ်...

"ထပ်ပြီးဒီအိပ်မက်ပဲလားကွာ..."

သဘာဝအရ ပန်းရောင်ပြေးနေတဲ့
နှုတ်ခမ်းပါးလေးမှနေမကျေနပ်သံလေး
ကတိုးညှင်းစွာထွက်လာခဲ့တယ်...
ဟုတ်တယ်...
သူဒီအိပ်မက်ကိုလွန်ခဲ့တဲ့၇နှစ်လောက်
တည်းက စ မက်ခဲ့တာ...
ခုဆိုသူ့အသက်၂၅နှစ်ရှိခဲ့ပြီ...
သူ့အသက်၁၈နှစ်ထဲက စ မက်လာခဲ့
တဲ့အိပ်မက်ပေါ့...

ဘေးပတ်ပတ်လည်ရေတွေဝန်းရံ
နေပြီးမှောင်မဲနေတဲ့ပတ်ဝန်းကျင်...
အလင်းရောင်ဆိုလို့လျှပ်စီးလက်တိုင်း
လင်းသွားတဲ့အလင်းစီးကြောင်းသာ
ရှိလေရဲ့...
ထိုနေရာမှာသူရယ်နောက်ပြီး
သူ့ကိုရစ်ပတ်ထားတဲ့ ကြောက်စရာ
မြွေနက်ကြီး၁ကောင်ရယ်...
အစကတော့ပေါက်ကရအိပ်မက်ပဲ
လေဟုသာသတ်မှတ်ထားပေမဲ့
ကြာလာတော့ထိုအိပ်မက်ဟာ
သူ့ကိုအနှောက်ယှက်ဖြစ်လာစေခဲ့
ပြီး အိပ်မရတဲ့ရက်တွေဟာ
နေ့စဉ်ရက်ဆတ်ဖြစ်လာခဲ့တော့တယ်...
ဖြစ်စဉ်ကြီးက တကယ့်လက်တွေ့
ဆန်လွန်းလှတာကို...

🐉 The beast island 🐉Where stories live. Discover now